ဧပြီ ၁၇ – ၂၀၂၆ (မြန်မာနှစ်သစ်ကူးနေ့)
အစ္စရေးနဲ့ လက်ဘနွန်ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီအပစ်ရပ်ထားတဲ့ ကာလ အတွင်း ဟစ်ဇ်ဘိုလာ အဖွဲ့ အနေနဲ့ ကောင်းမွန်စွာ လုပ်ဆောင်မယ် လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ ဗြိတိန်စံတော်ချိန် ည ၁၀ နာရီမှာ စတင် အသက်ဝင်ခဲ့တာ ဖြစ်ပြီး၊ အဲဒီအချိန် မတိုင်ခင် နာရီပိုင်းအထိ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်နယ်စပ် တလျှောက် အပြန်အလှန် တိုက်ခိုက်မှု တွေ ရှိနေခဲ့ကြပါသေးတယ်။
ဒီအပစ်အခတ်ရပ်စဲရေးဟာ အလွန်ကို ထိလွယ်ရှလွယ်တဲ့ အခြေအနေမှာ ရှိပြီး ခဏတာ အသက်ရှူ ချောင်စေရုံ သက်သက်ပဲ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ် ထားပါတယ်။
သမ္မတထရမ့်က ကြေညာခဲ့တဲ့ ဒီအပစ်ရပ်မှုကို လက်ဘနွန်သမ္မတရော၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကပါ ကြိုဆိုခဲ့ကြပြီး နေတန်ယာဟု ကတော့ ဒါဟာ သမိုင်းဝင် အခွင့်အလမ်းတခုပဲလို့ ဆိုပါတယ်။
လက်ဘနွန်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံ ပြု ဟစ်ဇ်ဘိုလာ အဖွဲ့ဟာလည်း ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထဲမှာ ပါဝင်တယ်လို့ ထရမ့်က ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေ အနေနဲ့ လက်ဘနွန်တောင် ဘက်ပိုင်း ၆ ဒသမ ၂ မိုင် အကွာက လုံခြုံရေးဇုန် ထဲမှာ ဆက်ရှိနေဦး မယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားထားပါတယ်။
—————————
THN Public Media
