မိုးလေဝသ

ဟာရီကိန်း မဲလီဆာ ဂျမေကာ ကို ဖြတ်ကျော်ပြီး ကျူးဘားကျွန်းကို တိုက်ခတ်နေ

အောက်တိုဘာ ၂၉ – ၂၀၂၅

ဂျမေကာကို အပြင်းထန်ဆုံး မုန်တိုင်း အနေနဲ့ ဖြတ်ကျော် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မဲလီဆာ အခုတော့ ကျူးဘားနိုင်ငံ ကျွန်းကို ဆက်လက် တိုက်ခတ်နေပါတယ်။

လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေတာ ဖြစ်ပြီး မိုးကြီးတွေ လည်း ရွာသွန်းနေကာ ကမ်းရိုးတန်း တလျှောက် အန္တရာယ်ရှိ လှိုင်းကြီး တွေ ရိုက်ခတ် မယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းဟာ ကျူးဘားကို ဝင်ရောက်ပြီးနောက် အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ဘဟားမားစ် နဲ့ ဘာမြူဒါ ဒေသတွေဆီ ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျမေကာမှာတော့ မုန်တိုင်းဝင်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေကို စတင် စစ်ဆေး နေကြပြီး မိုးကြိုး မုန်တိုင်းတွေ ထပ်မံကျရောက်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *