နိုင်ငံကျော် ဟာသ သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီ ဒီကနေ့ ကွယ်လွန် သွားကြောင်း သိရပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုးက
‘’ကိုညီရေ…
ဒီတခါတော့
တကယ်နှုတ်ဆက်သွားပြီပေါ့..
သံသရာတကွေ့..ပြန်တွေ့ကြရအောင်ဗျာ…’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
အသက် ၆၃ နှစ်အရွယ် ညောင်ညောင် (ခ) ဦးညီညီ ဟာ ပန်ကရိယ ကင်ဆာ နဲ့ မြောက်ဥက္ကလာ က OSC ဆေးရုံမှာ တက်ရောက် ကုသနေရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော် ကာလ တုန်းကလည်း အသည်းရောဂါနဲ့ ဆေးကုသမှု ခံယူနေရပြီး မကြာခင် ကမှ ပြန်လည် သက်သာလို့ ရုပ်ရှင် အနုပညာတွေ ပြန်လုပ်တော့မယ်လို့ သူကိုယ်တိုင် ပြောနေခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ညောင်ညောင် (ခ) ဦးညီညီ မှာ ဇနီး။ သမီးနဲ့ မြေးတို့ ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
—————————
THN Public Media
