နိုင်ငံတကာ

ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်ပိတ်

ဧပြီ ၁၈ – ၂၀၂၆

စစ်ပွဲပြီးဆုံးတဲ့ အထိ ဟော်မုဇ်ရေ လက်ကြားကို ထိန်းချုပ်သွားဖို့ အီရန် လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးလုံခြုံရေးအဖွဲ့ဖြစ်တဲ့ အမျိုးသား လုံခြုံရေး ကောင်စီက နိုင်ငံပိုင်ရုပ်မြင်သံကြား ကနေ ပြောကြားရာမှာ စစ်ပွဲတွေ အပြီးသတ်ရပ်စဲပြီး ဒေသတွင်းမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး မရရှိမချင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာမှုတွေကို စောင့်ကြည့် ထိန်းချုပ်သွားဖို့ တီဟီရန် အစိုးရအနေနဲ့ ပြတ်သားစွာ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဒီလိုထိန်းချုပ်တဲ့ နေရာမှာ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေဆီ ကနေ အချက်အလက် အပြည့်အစုံ ကောက်ယူတာ၊ ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးတာနဲ့ သက်ဆိုင်ရာ ဝန်ဆောင်ခတွေကို ပေးဆောင် စေတာမျိုးတွေ လုပ်ဆောင်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အမေရိကန် အနေနဲ့ အီရန်ဆိပ်ကမ်း တွေကို ဆက်လက် ပိတ်ဆို့ထားတဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ သောကြာနေ့မှာ ပြန်ဖွင့်ပေးထားခဲ့တဲ့ အဓိက ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်စစ်တပ်က ထပ်မံ ပိတ်ဆို့ လိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ရေကြောင်းကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းဌာနက ထုတ်ပြန်ချက် အရ အိုမန် ကမ်းလွန်မှာရှိတဲ့ ရေနံတင် သင်္ဘော တစင်းဟာ အီရန် စစ်သင်္ဘောငယ် နှစ်စီးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရသလို ကုန်တင် သင်္ဘော တစီး လည်း ဒုံးကျည် ထိမှန်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *