မတ်လ ၁၁ – ၂၀၂၆
အီရန်စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသက ဟော်မုဇ်ရေ လက်ကြားကို ထိုင်းအလံတင် ကုန်တင်သင်္ဘော တစီး ဖြတ်သန်း ခုတ်မောင်းနေစဉ် တိုက်ခိုက် ခံရပြီးနောက် အရေးပေါ်ကူညီမှုတွေ ဆောင်ရွက် ပေးနေ ကြောင်း ထိုင်းရေတပ်က ပြောကြားပါတယ်။
ထိုင်းတော်ဝင်ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ သင်္ဘောပေါ်မှာ ထိုင်းသင်္ဘောသား ၂၃ ဦး ပါရှိကြောင်း သိရပါတယ်။
အိုမန်ရေတပ်ကနေ သင်္ဘောသား အယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ၃ ဦး အတွက်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
တာဝန်ရှိသူတွေကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနဦး အစီရင်ခံစာကို ခန့်မှန်းခြေ ၁၁ နာရီမှာ လက်ခံရရှိပေမယ့် ဘယ်စံတော်ချိန် ဆိုတာကို ထိုင်းရေတပ်က အတိအကျ ဖော်ပြထားခြင်းမရှိပါ။
UAE နိုင်ငံ Khalifa ဆိပ်ကမ်း ကနေ ထွက်ခွာလာပြီး နာရီအနည်းငယ် အကြာမှာ သင်္ဘောဟာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ref: bbc
—————————
THN Public Media
