War ပြည်တွင်း

အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံပန်း အကျဉ်းစခန်း ကို စစ်တပ်က ဗုံးကြဲလို့ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာ ရရှိကြောင်း AA သတင်းထုတ်ပြန်

မတ်လ ၁၂ – ၂၀၂၆

မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီကျော် ကနေ နေလယ် ၂ နာရီ ခွဲလောက် အထိ စစ်တပ်ကနေ ဂျက်ဖိုက်တာ (၄) စီး၊ Y-12 ၄ စီးတို့ နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်း ဒေသရှိ စစ်သုံံပန်း အကျဉ်း စခန်းကို သုံးနာရီခွဲ လောက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အာရက္ခ တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်း တိုက်ခိုက်မှု ကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ပြစ်ဒဏ် ကျခံရသူ တချို့လည်း သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

သေဆုံးသူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေးဖို့ ခက်ခဲတာ၊ ခန္ဓာကိုယ် တစစီ ဖြစ်မှုတွေကြောင့် အသေးစိတ် အချက်အလက် တွေကို စစ်ဆေးပြီးတဲ့ အချိန်မှာ ဆက်လက် တင်ပြသွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။

စစ်တပ်ဘက်က‌တော့ ဒီဖြစ်စဥ်အပေါ် ဘာမှာ အတည်ပြု ထုတ်ပြန်တာမျိုး မရှိသေးပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *