တွေ့ဆုံရာမှာ အင်ဒိုနီးရှားဘက်က မြန်မာနိုင်ငံကို အာဆီယံရဲ့ အစိတ်အပိုင်း အဖြစ် မိတ်ဆွေ အဖြစ် အမြဲမှတ်ယူထားရှိပြီး မြန်မာနိုင်ငံကို အောင်မြင် ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်ပေါ်လာစေရေး လိုအပ်တာတွေကို ကူညီ ပေးသွားမယ် လို့ဆိုပါတယ်။
မြန်မာဘက်ကလည်း အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း၊ အာဆီယံအသိုက်အဝန်း နဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာ-အာဆီယံအကြား ပိုမို တောင့်တင်းခိုင်မာတဲ့ ဆက်ဆံမှုတွေ ပြန်လည်တိုးတက်လာစေရေး၊ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။
—————————
THN Public Media
