မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများက ရန်ကုန် ဗိုလ်တထောင် မြို့နယ် စိန့်မေရီကာသီဒြယ်ကက်သလစ် ဘုရားကျောင်း တော်ကြီးမှာ မနေ့က ကျင်းပတဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းနားမှာ စစ်ကော်မရှင် ဥက္ကဌ ခရစ္စမတ် နှုတ်ခွန်းဆက် စကားပြောကြားရာ မှာ လူသားတဦးနဲ့ တဦးကြား စွန်းထင်းနေတဲ့ အမုန်းတရား တွေ အငြိုးအာဃာတ တရားတွေဟာ လူ့အသိုက်အဝန်း ကြား နိုင်လိုမင်းထက်မှုတွေ သတ်ဖြတ်ညှင်းဆဲမှုတွေ စတဲ့ ဒုစရိုက် တရားတွေကို သာ ဆင့်ကဲ ဖြစ်ပေါ်စေကြောင်း ပြောကြားသွားပါတယ်။
ဘာသာတရား အဆုံးအမတွေ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာတော် တွေကသာ ဒုစရိုက်တရားတွေကို ပယ်ဖျက်နိုင်မှာ ဖြစ်ပြီး အေးချမ်း သာယာတဲ့ ကမ္ဘာကြီး အဖြစ် ဖန်တီးနိုင်မှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ ပါတယ်။
စစ်ကော်မရှင် ဥက္ကဌ ကို ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ကြိုဆို နှုတ်ဆက်ပြီး ခရစ်ယာန် လူငယ်လေးတွေက ခရစ်ယာန် ဓမ္မတေးသီချင်းတွေနဲ့ သီဆိုတီးမှုတ် ကပြ ဖျော်ဖြေပြီး ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။
—————————
THN Public Media
