THN Public Media Blog အင်တာဗျူး အမေရိကန် ကျားဖျန့်နှိမ်နင်းရေး အဖွဲ့ မြန်မာနိုင်ငံမှာ ဘာလုပ်မလဲ – ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း
အင်တာဗျူး

အမေရိကန် ကျားဖျန့်နှိမ်နင်းရေး အဖွဲ့ မြန်မာနိုင်ငံမှာ ဘာလုပ်မလဲ – ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း

‘’စာမတတ်ဘူးပဲ ပြောပြော… မသိဘူးဘဲ ပြောပြော… တကမ္ဘာလုံး ပွက်လောရိုက်နေတဲ့ ကိစ္စ…’’

ကိုစတီဗင်စန်းယု (ထိုင်းအရေးကျွမ်းကျင်သူ)

အမေရိကန် က DKBA ကို ကျားဖျန့် လိမ်လည်မှုတွေ နဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့ တချိန်တည်းမှာပဲ ကျားဖျန့်နှိမ်နင်းရေး “Scam Center Strike Force” ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ ပါတယ်။

ဒီအဖွဲ့ ကနေ မြန်မာ ကမ္ဘောဒီးယား လာအို နိုင်ငံတွေက ကျားဖျန့် ဂိုဏ်းတွေကို နှိမ်နင်းရေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖေါ်ပြလိုက် ပါတယ်။

မြန်မာနိုင်ငံက ပစ်မှတ်တွေ ကတော့ မြဝတီတောင်ဘက်က KK Park အပါအဝင် နေရာ ၃ ခုကို အတိအကျဖေါ်ပြထားပါတယ်။

DKBA ခေါင်းဆောင်တွေ ကတော့ ဒီကျားဖျန့် လုပ်ငန်းတွေကို သူတို့ မသိကြောင်း နဲ့ နားမလည်ကြောင်း တုန့်ပြန်ထားပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အမေရိကန် နှိမ်နင်းရေး အဖွဲ့ကနေ မြန်မာနိုင်ငံက ကျားဖျန့်နေရာ ၃ ကို ဘာတွေ ဘယ်လို ဆောင်ရွက်မှာလဲ – ဘယ်အတိုင်းအတာ အထိ လုပ်ဆောင်မှာလဲ ဆိုတာ ထိုင်းအရေး ကျွမ်းကျင်သူ ကိုစတီဗင်စန်းယု ကို မေးမြန်းတင် ဆက်ထား ပါတယ်။

THN Public Media

အမေရိကန် ကျားဖျန့်နှိမ်နင်းရေး အဖွဲ့ မြန်မာနိုင်ငံမှာ ဘာလုပ်မလဲ - ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version