War နိုင်ငံတကာ နိုင်ငံရေး

အမေရိကန် F-15 ဂျက်ဖိုက်တာ အီရန်နိုင်ငံထဲမှာ ပစ်ချခံရ

ဧပြီ ၄ – ၂၀၂၆

အီရန်နိုင်ငံထဲမှာ အမေရိကန် F-15 ဂျက်ဖိုက်တာ ပစ်ချခံလိုက်ရပြီး လေယာဥ်မှူး တဦးကိုတော့ ကယ်တင်နိုင်ခဲ့ပြီလို့ အမေရိကန် သတင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

CBS သတင်းအရ အီရန်တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ အမေရိကန် F-15 တိုက်လေယာဉ်ကို ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒုတိယ လေယာဥ်မှူးက အခြေအနေကိုတော့ အခုထ တိတိကျကျ မသိရ သေးဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ လက်ရှိပဋိပက္ခ အတွင်း အီရန်နိုင်ငံပေါ်မှာ အမေရိကန် တိုက်လေယာဉ် ပထမဆုံး ပစ်ချခံရတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

F-15 လေယာဉ်မှူးတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်မှာ A-10 Warthog တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် တစင်း အပါအဝင် တခြား လေယာဥ် နှစ်စင်းလည်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ CBS ကပဲ ထပ်မံ သတင်းထုတ်ပြန်ထားပါတယ်။

အီရန်နိုင်ငံထဲမှာ အမေရိကန် လေယာဉ်တစင်းနဲ့ အတူ ရဟတ်ယာဉ် နှစ်စင်း ပျံသန်း နေတဲ့ ဗီဒီယိုဖိုင် ကို သတင်းဌာနတွေက အတည်ပြု နိုင်ကြောင်း ဖေါ်ပြထားပြီး၊ အီရန်နိုင်ငံပိုင် မီဒီယာတွေ ကတော့ အဲဒီလေယာဉ်ကို အီရန်တပ်ဖွဲ့ တွေက ပစ်ချခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပျက်ကျသွားတဲ့ F-15 တိုက်လေယာဉ်ကို ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ CBS သတင်းဌာနကို သတင်းရင်းမြစ် နှစ်ခုက အတည်ပြုထားပါတယ်။

အခုဖြစ်ရပ်ဟာ အမေရိကန် လေယာဉ်တွေ အီရန်ပေါ် ပျံသန်းနေတာကို အီရန် အနေနဲ့ ဘာမှ မလုပ်နိုင်ပါဘူးလို့ သမ္မတ ထရမ့်က ကြွေးကြော် ခဲ့ပြီး နောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *