THN Public Media Blog သတင်း နိုင်ငံရေး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် Jeng Phang နော်တောင်ကို တင်မြှောက်
နိုင်ငံရေး ပြည်တွင်း

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် Jeng Phang နော်တောင်ကို တင်မြှောက်

မတ်လ ၁၈ – ၂၀၂၆

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ်အမျိုးသားလွှတ်တော် ကနေ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် Jeng Phang နော်တောင် ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

Jeng Phang နော်တောင် ဟာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ပြည်ခိုင်ဖြိုး ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာပါ။

ဒုတိယ ဥက္ကဋ္ဌနေရာ အမည်စားရင်တင်သွင်းရာမှာလည်း Jeng Phang နော်တောင် တဦးတည်းကိုသာ တင်သွင်းတာကြောင့် Jeng Phang နော်တောင် ဟာ ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

photo: popular news journal

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version