စစ်ကော်မရှင်က ဒီဇင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင် မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲ ကြေညာ စာတမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
မဲဆွယ် စည်းရုံးမှု ရက် ၆၀ စတင်လိုက်တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဒီကြေညာစာတမ်းမှာ နိုင်ငံရေး စစ်ရေးပဋိပက္ခတွေကို ပထမ ဦးစားပေး အနေနဲ့ ဖြေရှင်းသွား မယ်လို့ ဖေါ်ပြထားပါတယ်။
ကြေညာစာတမ်း ၁ ကနေ ၆ အထိ ဖေါ်ပြချက်တွေမှာ ငြိမ်းချမ်းရေး စစ်ဘေးရှောင် နဲ့ တိုင်းရင်းသားတွေ တန်းတူရေး ဖက်ဒရယ် ဒီမိုကရေစီ ရေးတို့ အတွက် ဆောင်ရွက်ဖို့ ဦးစားပေး ဖေါ်ပြ ထားတာကို တွေ့ရ ပါတယ်။
အမည် တင်သွင်းသူ ကိုယ်စားလှယ်တဦးတည်း ရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဥပဒေ အရ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ အနိုင်ရနေတဲ့ နေရာ ၃၁ နေရာ ရှိနေပြီး ပြည်ခိုင်ဖြိုးပါတီက ၂၈ နေရာ အနိုင်ရရှိထားပါတယ်။
အဲဒီ မဲဆန္ဒနယ် တချို့မှာ ပြည်သူ့ပါတီက ကိုယ်စားလှယ်အမည် တင်သွင်းခဲ့ ပေမယ့် ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိခဲ့လို့ ပြန်ရုတ် ခဲ့ရတယ် လို့လည်း ဦးကိုကိုကြီးက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဖေါ်ပြထားပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ကတ်ရပြီးကာမှ၊ ၈ ဃ နဲ့ ငြိစွန်းလို့ ဆိုပြီး ကိုယ်စာလှယ်လောင်း အဖြစ်က ပယ်ဖျက်ခံထားရ ပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ကိုယ်စားလှယ် လောင်း ၅၀၂၃ ဦးမှာ ၈၆ ပယ်ဖျက်ခံထားရတယ်လို စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
လူအင်အား ငွေကြေးအင်အား ရုံးခန်းအင်အား စသဖြင့် လက်ရှိ အင်အား အကြီးဆုံး နဲ့ အခိုင်မာဆုံး ဖြစ်နေတဲ့ စစ်တပ် proxy ပြည်ခိုင်ဖြိုး ပါတီ ကတော့ ကိုယ်စားလှယ်ပယ်ဖျက်ခံရတာမျိုး မရှိသေးဘဲ၊ မဲဆွယ်နေ့ စတာနဲ့ အကြီးအကျယ် စည်းရုံး လှုပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။
—————————
THN Public Media
