နိုင်ငံရေး

အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒ ရေးဆွဲခြင်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ လို့ NUCC ထုတ်ပြန်

ဇန်နဝါရီ ၁၉ – ၂၀၂၅

နွေဦးတော်လှန်ရေး တပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကနေ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) ရဲ့ လမ်းပြ မြေပုံ အဆင့် ၈ မှာပါတဲ့ အသွင်ကူးပြောင်းရေး ကာလ အခြေခံ ဥပဒ ရေးဆွဲမှု ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက် နေ့က ထုတ်ပြန်လိုက်ပါတယ်။

လမ်းပြမြေပုံမှာ အဆင့် ၁၂ ဆင့်ပါဝင်ပြီး အခြေခံဥပဒ ဆွဲပြီးပါက အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းမှာ ဖြစ်ပြီး အဲဒီနောက် တိုင်းပြုပြည်ပြု ညီလာခံ ခေါ်ယူမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီညီလာခံကနေ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ လူထုဆန္ဒခံယူပြီး ရွေးကောက်ပွဲ တခု ကျင်းပဖို့ ဖြစ်ပါတယ်။

အခုလို ချာတာပါ လမ်းပြမြေပုံ ကို CRPH KNU KNPP တို့အပါအဝင် ၂၇ ဖွဲ့ က သဘောတူ ကတိကဝတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ CRPH KNU KNPP တို့ဟာ NUCC မှာ ပါဝင်မှုကနေ ယာယီ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *