အင်တာဗျူး

အာဆီယံ မြန်မာဆက်ဆံရေး ပိုဝေးသွားမလား ဘာတွေ ဆက်ဖြစ်မလဲ – အထူးသုံးသပ်ချက်

‘’နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောခွင့်ရမယ်ဆိုတာ… တဆင့် တိုးတက်လာ တယ်လို့ ထင်ပါတယ်…’’
‘’လေယာဥ်နဲ့ ဗုံးကြဲနေတဲ့ ကိစ္စတွေက… တချို့ အာဆီယံ အသိုင်းအဝိုင်း ထဲမှာ မျိုချဖို့ ခက်တယ်…’’

ဦးအောင်သူငြိမ်း (နိုင်ငံရေးသုံးသပ်သူ)

စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပြီး အသွင်ပြောင်းအစိုးရ ဖြစ်လာ ပေမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း ကို တက်ရောက်ခွင့် မပေးသေးဘဲ အာဆီယံ အနေနဲ့ ဘုံသဘောတူ ၅ ချက်ကို ဆက်လိုက်ကိုင်စွဲ ထားပါတယ်။

ဒါပေမယ့်လည်း အာဆီယံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဗီဒီယို ကွန်ဖရန့် နဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အခုလို ခေါင်းဆောင်ပိုင်း တက်ရောက်ခွင့် မရတဲ့ အပေါ် မြန်မာဘက် ကလည်း ပြင်းပြင်းထန်ထန် ဝေဖန် တုန့်ပြန်လိုက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို ကိုယ့်ဘာသာကိုယ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီတော့ အာဆီယံ ဟာ မြန်မာအစိုးရသစ် သမ္မတသစ် အပေါ် အသိအမှတ် ပြုဖို့ ဖြစ်လာနိုင်ဖို့ ရှိမလား၊
အာဆီယံ မြန်မာ ဆက်ဆံရေးဟာ ပိုမိုတင်းမာလာပြီး အလှမ်းဝေး သွားနိုင်မလား…

ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ ဆိုတာ နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကို မေးမြန်း တင်ဆက်ထားပါတယ်။

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *