အာဆီယံ အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ms. Maria Theresa Parreno Lazaro ဟာ စစ်ကော်မရှင် ဥက္ကဌ ကို မနေ့ ဇန်နဝါရီ ၆ ရက်နေ့က နေပြည်တော် မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ စစ်ကော်မရှင် ဥက္ကဌ က ၂၀၂၀ ရွေးကောက်ပွဲ အကြောင်းနဲ့ အခု ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးစီးပြီး ထပ်ကျင်းပမယ့် အပိုင်းတွေကို ရှင်းပြခဲ့တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့အတွင်း အကောင်းဆုံး ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မြန်မာ နဲ့ ဖိလစ်ပိုင် အကြား သံတမန် ဆက်ဆံရေး ကောင်းမွန်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
—————————
THN Public Media
