ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပူပူနွေးနွေး အာဆီယံ အဖွဲ့ဝင် အပြည့်အဝ ဖြစ်လာတဲ့ အရှေ့တီမော နိုင်ငံ က မြန်မာ့ပဋိပက္ခ အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း အရှေ့တီမော ဝန်ကြီးချုပ် ရှာနာနာ ဂွတ်ရှမောင်းက ပြောကြားလိုက်ပါတယ်။
အာဆီယံ အဖွဲ့ဝင်ဖြစ်ပြီးနောက် သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ မစ္စတာ ဂွတ်ရှ်မောင်းက ဘုံ ၅ ချက်ဟာ မြန်မာ ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်အတွက် အဓိကမူဘောင် ဖြစ်ကြောင်း ပြောပါတယ်။
ဒီသဘောတူညီချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်စဲဖို့၊ သက်ဆိုင်သူ အားလုံး အကြား အပြုသဘော ဆောင်တဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေကို လွယ်ကူချောမွေ့စေဖို့ အတွက် အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်း နဲ့ အာဆီယံ ကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်တာတို့ ပါဝင်ပြီး ဒါတွေဟာ မြန်မာ့ငြိမ်းချမ်းရေး ရှေ့ဆက်သွားဖို့ အတွက် အကောင်းဆုံး လမ်းကြောင်း အဖြစ် ဆက်လက်တည်ရှိနေကြောင်း သူက မှတ်ချက်ပြု ပြောဆိုပါတယ်။
” အာဆီယံက သဘောတူတယ်လို့ ကျွန်တော်တို့ ပြောတဲ့အခါ၊ အဲဒါက မြန်မာနိုင်ငံဟာ အာဆီယံထဲ မှာ ပါဝင်နေတယ်လို့ ဆိုလိုတာပါ။ အရှေ့တီမောက ဒီချဉ်းကပ်မှုကို အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အရင်က ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ဖူးတဲ့ အတွက် ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲက တဆင့် သွားတာဟာ အကောင်းဆုံး လမ်းကြောင်း ဆိုတာကို သိပါတယ်” မစ္စတာ ဂွတ်ရှမောင်းက ပြောကြားသွားခဲ့ပါတယ်။
ref: Bernama
—————————
THN Public Media
