အင်တာဗျူး

အာရက္ခတပ်တော် AA တွေ့ဆုံဆွေးနွေးမလား – အထူးသုံးသပ်ချက် (ဒေါက်တာစိုင်းကြည်ဇင်စိုး)

‘’အေအေရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရင်… စစ်တပ်က အညံ့ခံလိုက်တဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်…’’
‘’ဒါတရုတ်ကိုလည်း သတင်းပေးလိုက်တဲ့ သဘော…’’

ဒေါက်တာစိုင်းကြည်ဇင်စိုး (နိုင်ငံရေးသုံးသပ်သူ)

ULA/AA ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က တွေ့ဆုံစကားပြောနိုင်ဖို့ အတွက် စစ်တပ်ဘက်က အသာစီး မယူဘဲ လက်ရှိမြေပြင် အခြေအနေကို လက်ခံ မယ်ဆိုရင် ဖြစ်နိုင်ဖွယ် ရှိတယ်လို့ The Diplomat မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

အခုလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြောကြားချက်အပေါ် တွေ့ဆုံ ဆွေးနွေးရေး ရက် ၁၀၀ အချိန်ပေးထားတဲ့ အစိုးရသစ် အနေနဲ့ လက်ခံနိုင်မလား…

နှစ်ဘက် ဘယ်လို အခြေအနေဆို တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာနိုင်မလဲ…
ရခိုင်ပြည်နယ်မှာ အကျိုးစီးပွား အများကြီးရှိနေတဲ့ တရုတ်က ကြားဝင် လာနိုင်မလား…
ဒိုင်ယာလော့ ဖြစ်ခဲ့ရင် တခြား တော်လှန်ရေး အင်အားစုတွေ အပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်မလား…
စစ်ရေးအရ ၉၀% ရခိုင်ကို ထိန်းချုပ်ထားတဲ့ AA အနေနဲ့ နိုင်ငံရေး အရ ရလဒ် အတွက် မဖြစ်မနေ ဆွေးနွေး ရတော့မလား…
၂၀၂၆ အတွင်း ရခိုင်မှာ သေနတ်သံတွေ တိတ်သွားမလား ပိုကျယ်လာနိုင်မလား…
စတဲ့ ရှုထောင့်ပေါင်းစုံကနေ AA နဲ့ အစိုးရသစ် အကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာမလား…. ဆိုတာ

နိုင်ငံရေး သုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကို မေးမြန်းတင်ဆက်ထားပါတယ်။


THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *