ဇွန် ၃ – ၂၀၂၆
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ သမ္မတ အနေနဲ့ ပထမဆုံး နိုင်ငံခြား ဦးစဥ်အဖြစ် ဦးမင်းအောင်လှိုင် ဟာ အိန္ဒိယ နိုင်ငံ ၅ ရက်ကြာ ခရီးစဥ်အပြီး ဒီကနေ့ ညနေပိုင်းက နေပြည်တော် လေဆိပ်ကို ပြန်လည်ဆိုက်ရောက်လာပြီလို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထား ပါတယ်။
အိန္ဒိယနိုင်ငံမှာ နောက်ဆုံးသွားရောက်ခဲ့တဲ့ မွမ်ဘိုင်းမြို့ ကနေ မြန်မာနိုင်ငံကို အထူးလေယာဥ်နဲ့ ပြန်ရောက်လာတာ ဖြစ်ပြီး နေပြည်တော်လေဆိပ်မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ အိန္ဒိယ သံရုံး က တာဝန်ရှိသူတွေကို ကြိုဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
