နိုင်ငံတကာ

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရင် ၂ ပတ် အပစ်ရပ်ပေး မယ်လို့ ထရမ့်ပြော

ဧပြီ ၈ – ၂၀၂၆

အီရန် လူ့အဖွဲ့အစည်း တခုလုံး ဒီည ပျက်စီး သွားမယ်လို့ ရာဇသံပေးခဲ့တဲ့ ထရမ့် က တကယ်လို့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရင် ၂ ပတ် အပစ်ရပ်ပေး မယ်လို့ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က သူ့ကိုယ်ပိုင် Truth Social လူမှု ကွန်ရက် မှာ ထပ်ပြီး ဖေါ်ပြထားရာမှာ

“ပါကစ္စတန်နိုင်ငံမှ ဝန်ကြီးချုပ် Shehbaz Sharif နှင့် ဖီးလ်မာရှယ် Asim Munir တို့နှင့် ဆွေးနွေးမှုများအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့က ယနေ့ညတွင် အီရန်နိုင်ငံသို့ ပေးပို့မည့် ဖျက်စွမ်းအား ကြီးမားသည့် တပ်ဖွဲ့အင်အားတွေကို ဆိုင်းငံ့ထားရန် ကျွန်ုပ်အား တောင်းဆို ခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြား ကို အပြည့်အဝ၊ ချက်ချင်း နှင့် ဘေးကင်းစွာ ဖွင့်လှစ်ပေးရန် သဘောတူညီမှု အပေါ် မူတည်၍ အီရန်နိုင်ငံ အပေါ် ဗုံးကြဲမှု နှင့် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်း ထားရန် ကျွန်ုပ် သဘောတူညီပါသည်။

ဒါဟာ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဖြစ်ပါလိမ့်မယ်။ ဒီလို လုပ်ဆောင်ရတဲ့ အကြောင်းရင်း ကတော့ ကျွန်ုပ်တို့ဟာ စစ်ရေးရည်မှန်းချက် အားလုံးကို ပြည့်မီရုံသာမက ကျော်လွန်အောင် ဆောင်ရွက်ပြီးစီးခဲ့လို့ဖြစ်ပြီး၊ အီရန်နိုင်ငံနဲ့ ရေရှည် ငြိမ်းချမ်းရေး၊ အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးတို့နဲ့ ပတ်သက်တဲ့ အပြီးသတ် သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်နေပြီ ဖြစ်လို့ပါ။

ကျွန်ုပ်တို့ဟာ အီရန်နိုင်ငံဆီက အချက် ၁၀ ချက်ပါတဲ့ အဆိုပြုချက်ကို လက်ခံရရှိထားပြီး အဲဒါဟာ ညှိနှိုင်းဖို့ အတွက် လက်တွေ့ကျတဲ့ အခြေခံတခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။

အတိတ်က ငြင်းခုံစရာ အချက်အားလုံး နီးပါးကို အမေရိကန်နဲ့ အီရန် တို့ကြား သဘောတူညီမှု ရရှိထားပြီး ဖြစ်သော်လည်း၊ ဒီနှစ်ပတ်တာ ကာလအတွင်းမှာ သဘောတူညီချက်ကို အပြီးသတ် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အနေနဲ့ရော၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ကိုယ်စားပြုတဲ့ အနေနဲ့ပါ ဒီရေရှည်ပြဿနာကို ဖြေရှင်း နိုင်ခါနီး ဖြစ်တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဒီကိစ္စကို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်!”

သမ္မတ ဒေါ်နယ် ဂျေ ထရမ့်

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *