မတ်လ ၁၂ – ၂၀၂၅
အီရန်နိုင်ငံရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့တဲ့ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှု အတွင်းမှာပဲ၊ အခု ခေါင်းဆောင်သစ် ဖြစ်လာသူ သားဖြစ်သူ မိုချ်တာဘာ ခါမေနီ ပါ ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုမှာ သူ့ဖခင် သေဆုံးပြီးနောက် အသက် ၅၆ နှစ်အရွယ် မိုချ်တာဘာဟာ ခေါင်းဆောင်သစ် ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ သူဟာ လူမြင်ကွင်းကို ထွက်မလာသေးတဲ့ အတွက် ဒဏ်ရာ ပြင်းထန် သလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။
အီရန်အရာရှိတဦးရဲ့ အဆိုအရ သူဟာ ဒဏ်ရာအနည်းငယ် သာ ရရှိခဲ့တာ ဖြစ်ပြီး ဆက်လက် တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင်ရုပ်သံကလည်း သူ့ကို ဒဏ်ရာရစစ်ပြန် Janbaz လို့ တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ တခြား သတင်းတပုဒ် မှာတော့ မိုချ်တာဘာ ဟာ သတိမေ့မြော နေပြီး ခြေထောက် တဘက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု အတွင်း မိုချ်တာဘာဟာ သူ့ရဲ့ ဖခင်၊ မိခင်၊ ဇနီးနဲ့ အခြားဆွေမျိုးတွေကိုပါ ဆုံးရှုံးခဲ့ရပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးက အီရန် ခေါင်းဆောင်သစ်ဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်တယ်လို့ ပြောဆိုထားသလို၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ကလည်း မိုချ်တာဘာကို ခေါင်းဆောင်တင်မြှောက်တာဟာ လက်ခံနိုင်စရာမရှိဘူး လို့ တုံ့ပြန်ထားပါတယ်။
ref: sky news
—————————
THN Public Media
