နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော်သွားပြီ

A view of the Motor Oil refinery in Agioi Theodoroi near Corinth, Greece, on March 4, 2026, shows that the conflict involving Iran disrupts global energy markets, sending oil and gas prices surging for consumers and fueling broader inflation. (Photo by Nicolas Koutsokostas/NurPhoto via Getty Images

မတ်လ ၉ – ၂၀၂၆

အီရန်စစ်ပွဲကြောင့် ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော်သွားပြီဖြစ်လို့ G7 ဘဏ္ဍာရေး ဝန်ကြီးတွေ အရေးပေါ် အစည်းအဝေးပြုလုပ်နေပါတယ်။

ကမ္ဘာ့ရေနံဈေးနှုန်း စံသတ်မှတ်ချက်ဟာ ၂၀၂၂ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တစည်ကို ဒေါ်လာ ၁၀၀ အထက် ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

ဒီလို ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမှုကြောင့် ကမ္ဘာ့စီးပွားရေး အပေါ် သက်ရောက် နိုင်တဲ့ အန္တရာယ်တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် G7 စက်မှုထိပ်သီး ၇ နိုင်ငံ ရဲ့ ဘဏ္ဍာရေးဝန်ကြီး တွေဟာ အခုအချိန်မှာပဲ အရေးပေါ် အစည်းအဝေး တရပ်ကို ခေါ်ယူ ကျင်းပနေကြပြီ ဖြစ်ပါတယ်။

အခုသီတင်းပတ် အစမှာတင် ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးနှုန်းတွေ သိသိသာသာ ထိုးတက်သွား သလို ဓာတ်ငွေ့ ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက် လာခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲ အနေနဲ့ ကားဆီဖြည့် စရိတ်တွေ တက်လာမယ့် အရေးနဲ့ ဗြိတိန်နိုင်ငံမှာ အိမ်သုံး စွမ်းအင် ဈေးနှုန်း သတ်မှတ်ချက်ဟာ လာမယ့် ဇူလိုင်လမှာ ပေါင် ၂၀၀၀ ထက်မက ကျော်လွန် သွားနိုင်တဲ့ အကြောင်းတွေ ပြောဆိုနေကြပါတယ်။

ယူကရိန်းစစ်ပွဲတုန်း ကတော့ ယူကရိန်းဟာ ဂျုံနဲ့ စားအုန်းဆီ ထုတ်လုပ်မှုမှာ အဓိကကျတဲ့ အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ထိုးတက်ခဲ့ပေမယ့် အခုအခြေအနေ ကတော့ အဲဒီလို မဟုတ်ပါ။

#ဆီစျေးတက်တဲ့ အပေါ် သမ္မတထရမ့် ဘာပြောလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးတွေ သိသိသာသာ တက်လာတာဟာ သူ့အလိုလို ပြန်ကောင်းသွားမှာ ဖြစ်ပြီး၊ ကမ္ဘာ့လုံခြုံရေး အတွက် ဆိုရင် ဒါဟာ ပေးဆပ်ရတဲ့ တန်ဖိုးအနည်းငယ် ပဲလို့ ပြောကြားလိုက်ပါတယ်။

“အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဖျက်ဆီးလို့ ပြီးသွားတဲ့အခါ ကာလတို အတွင်း ရေနံဈေး တွေဟာ အလျင်အမြန် ပြန်ကျသွားမှာ ဖြစ်ပြီး၊ ဒါဟာ အမေရိကန်နဲ့ တကမ္ဘာလုံးရဲ့ ဘေးကင်းရေး၊ ငြိမ်းချမ်းရေး အတွက် ကြည့်မယ်ဆိုရင် ပေးဆပ်ရတဲ့ တန်ဖိုး အလွန်နည်းပါတယ်” လို့ သူက Truth Social လူမှု ကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒါကို တခြားပုံစံ တွေးတဲ့သူဟာ လူမိုက်တွေပဲ ဖြစ်လိမ့်မယ်” လို့လည်း သူက ဆိုပါတယ်။

အခု ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုဟာ ၂၀၂၂ ဖေဖော်ဝါရီလ ရုရှားရဲ့ ယူကရိန်း ကျူးကျော်မှု နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။

ယူကေ တန်ကြီးချုပ် စတာမာ ကတော့ စစ်ပွဲကြာလေလေ စီးပွားရေးထိခိုက်မှု ပိုများလေလေ ဖြစ်မယ်လို့ ပြောကြားလိုက်ပါတယ်။

စတာမာက ပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် စီးပွားရေး အရ သက်ရောက်မှု အနည်းဆုံး ဖြစ်အောင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို ဆွေးနွေး နေတယ်လို့ ပြောပါတယ်။

“စစ်ပွဲက ပိုကြာလေလေ၊ ကျွန်တော်တို့ရဲ့ စီးပွားရေး၊ လူတိုင်းရဲ့ လူမှုဘဝနဲ့ အိမ်ထောင်စုတွေ၊ စီးပွားရေး လုပ်ငန်းတိုင်း အပေါ် သက်ရောက်မှု ရှိနိုင်ခြေ ပိုများလေလေပါပဲ” လို့ သူက ဆိုပါတယ်။

အစိုးရရဲ့ အလုပ်က အဲဒီပြဿနာတွေ မဖြစ်ခင် ကြိုတင် ပြင်ဆင်ဖို့ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *