နိုင်ငံတကာ

အီရန် အစိုးရထောက်ခံသူတွေက အီရန်ခေါင်းဆောင်သစ် ကို ဂုဏ်ပြု အောင်ပွဲခံ

A woman poses with a picture of Iran’s new Supreme Leader Ayatollah Mojtaba Khamenei (R), next to his late father Ali Khamenei, during a rally in support of him at Enghelab Square in central Tehran on March 9, 2026. Iran marked the appointment of Ayatollah Mojtaba Khamenei to replace his father as its supreme leader with a new barrage of missiles against Israel and the Gulf states on Monday, as the Middle East war sent oil prices soaring. (Photo by Atta KENARE / AFP via Getty Images

မတ်လ ၉ – ၂၀၂၆

အီရန်နိုင်ငံမှာ အစိုးရကို ထောက်ခံသူတွေဟာ မိုချ်တာဘာ ခါမေနီ ကို အမြင့်ဆုံးခေါင်းဆောင်သစ် အဖြစ် ခန့်အပ် လိုက်တာကို တီဟီရန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဂုဏ်ပြု အောင်ပွဲခံ နေကြ ပါတယ်။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ လူထုစုဝေးပွဲမှာ ပါဝင်သူတွေဟာ ခေါင်းဆောင်သစ် မိုချ်တာဘာနဲ့ ပြီးခဲ့တဲ့ အပတ်က အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ဖခင် အာလီ ခါမေနီ တို့ရဲ့ ပုံတွေကို ကိုင်မြှောက်ထားကြတာကို တွေ့ရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အီရန်မြို့တော် တီဟီရန် မြို့လယ် ရင်ပြင်ဆီကို လူထောင်ပေါင်းများစွာ စုပြုံ ရောက်ရှိလာကြပြီး နိုင်ငံရဲ့ ခေါင်းဆောင်သစ် အပေါ် သစ္စာစောင့်သိဖို့ ကတိပြုခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

တချို့က လူသိရှင်ကြား အောင်ပွဲခံနေကြပေမဲ့လည်း တချို့ကတော့ မိုချ်တာဘာဟာ “သူ့အဖေထက်တောင် ပိုဆိုးတယ်” လို့ ပြောကြားခဲ့ကြပြီး၊ သူ့ရဲ့ ကံကြမ္မာဟာလည်း သူ့ဖခင်လိုပဲ ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုနေကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *