နိုင်ငံတကာ

အီရန်ဘက်က နောက်ဆုံး တောင်းဆိုချက်

ISTANBUL, TURKEY – JANUARY 30: Iranian Foreign Minister Abbas Araghchi gives a statement at the Ritz Hotel as he meets Turkey’s Foreign Minister Hakan Fidan, on January 30, 2026 in Istanbul, Turkey. Protests that began in Tehran on December 28 over worsening economic conditions escalated into one of the deadliest anti-government uprisings in the history of the Islamic Republic of Iran. Iranian authorities say at least 3,117 people were killed, while human rights groups estimate the toll could reach 6,000 or

ဧပြီ ၈ – ၂၀၂၆

အီရန် နဲ့ အမေရိကန် အကြား အခု ကြေညာထားတဲ့ ကန့်သတ်ချက်တွေ ပါတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အီရန်အမျိုးသား လုံခြုံရေး ကောင်စီရဲ့ ထုတ်ပြန်ချက်တခု ထွက်ပေါ်လာပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ အသေးစိတ် အချက်အလက်တွေကို အပြီးသတ် ညှိနှိုင်းဖို့အတွက် ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ္မာဘတ် မှာ နောက်ဆုံး ၁၅ ရက် အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုညှိနှိုင်းမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ စစ်မြေပြင်မှာ ရရှိခဲ့တဲ့ အီရန်ရဲ့ အောင်ပွဲကို နိုင်ငံရေးအရ ဆွေးနွေးပွဲတွေမှာပါ ခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အစိုးရရုပ်သံ ကနေ ကြေညာခဲ့တဲ့ အချက် ၁၀ ချက်ပါ အစီအစဉ်ထက်တောင် ပိုမိုကျယ်ပြန့်နေပြီး အမေရိကန် ဘက်က အောက်ပါ အချက်တွေကို သဘောတူညီခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။

ပထမဆုံးအနေနဲ့ အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုတွေကို နောက်နောင် ထပ်မလုပ်တော့ပါဘူးလို့ အမေရိကန်ဘက်က အာမခံရပါမယ်။

ဒုတိယအချက်အနေနဲ့ ဟော်မုဇ်ရေလက်ကြား အပေါ် အီရန်ရဲ့ ထိန်းချုပ်မှု ကို ဆက်လက် တည်ရှိနေစေရပါမယ်။

နောက်တချက် ကတော့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်ထုတ်လုပ်မှုကို အသိအမှတ်ပြု လက်ခံရပါမယ်။

ဒါ့အပြင် အီရန်အပေါ် ချမှတ်ထားတဲ့ ပင်မပိတ်ဆို့မှု တွေနဲ့ နောက်ဆက်တွဲ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးရပါမယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင် အေဂျင်စီ IAEA တို့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အားလုံးကို လည်း ရပ်စဲရပါမယ်။

စစ်ပွဲကြောင့် ထိခိုက်မှုတွေ အတွက် အီရန်နိုင်ငံကို လျော်ကြေးငွေများ ပေးဆောင်ရ ပါမယ်။

အမေရိကန်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေအားလုံးကို အရှေ့အလယ်ပိုင်း ဒေသကနေ ရုပ်သိမ်းပေးရပါမယ်။

နောက်ဆုံးအချက်အနေနဲ့ ကတော့ လက်ဘနွန်က အစ္စလာမ္မစ် ခုခံရေး အဖွဲ့တွေ အပေါ် တိုက်ခိုက်မှုတွေ အပါအဝင် စစ်မျက်နှာ အားလုံးမှာ စစ်ပွဲတွေကို ရပ်တန့်ရမယ်လို့ ဖော်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *