THN Public Media Blog သတင်း နိုင်ငံတကာ အီရန် နျူကလီးယား ဘယ်တော့မှ မပိုင်ရဘူးလို့ G7 မှာ ထရမ့်ပြော
နိုင်ငံတကာ

အီရန် နျူကလီးယား ဘယ်တော့မှ မပိုင်ရဘူးလို့ G7 မှာ ထရမ့်ပြော

ဇွန် ၁၆ – ၂၀၂၆

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတက အီရန်-အမေရိကန် သဘောတူညီချက်အရ အီရန်အနေနဲ့ နျူကလီးယား လက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေးကိုလည်း ဝေဖန်လိုက်ပါတယ်။

‘’ခင်ဗျားတို့ လူတယောက်ကို ရှာဖို့ အဲဒီလူ ရှိတဲ့ တိုက်ခန်းတွဲ တခုလုံးကို ဖြိုချ ပစ်စရာ မလိုဘူး’’ လို့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပေါ် ထရမ့်က ထပ်မံ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အဓိက နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ အီရန်တို့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာခဲ့ပေမဲ့ စာသား အပြည့်အစုံကိုတော့ ထုတ်မပြ သေးပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်း ကတော့ ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ဒီသဘောတူညီချက်ကို နှစ်ဘက်စလုံးက အွန်လိုင်း ကနေ လက်မှတ် ရေးထိုးပြီးပြီ ဖြစ်ကြောင်းနဲ့ တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကိုတော့ ဒီအပတ်နှောင်းပိုင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ် သွားမယ် လို့ ပြောပါတယ်။

ဒါ့အပြင် G7 အစည်းအဝေးမှာပဲ ယူကေဝန်ကြီးချုပ် ကီယာ စတာမာကလည်း အဓိက ရေနံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေ လက်ကြား ပြန်လည်ပွင့်လှစ်နိုင်ဖို့အတွက် ဗြိတိန်အနေနဲ့ အပြည့်အဝ ပါဝင်ကူညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version