နိုင်ငံတကာ

အီရန် အနေနဲ့ အပြင်းအထန် တိုက်ခိုက်ခံရမယ် လို့ ထရမ့်ခြိမ်းခြောက်

WASHINGTON DC, USA – MARCH 02: (—-EDITORIAL USE ONLY ?” MANDATORY CREDIT – ‘THE WHITE HOUSE’S X ACCOUNT / HANDOUT’ – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) U.S. President Donald J. Trump sits at a table monitoring military operations during Operation Epic Fury against Iran, with U.S. flags visible behind him, in Washington, United States, on March 02, 2026. (Photo by The White House via X Account/Anadolu via Getty Images

မတ်လ ၇ – ၂၀၂၆

အမေရိကန် သမ္မတ ထရမ့်က အီရန် အနေနဲ့ အပြင်းအထန် အတိုက်ခိုက် ခံရလိမ့်မယ်လို့ ခြိမ်းခြောက် ပြောကြားခဲ့ပြီး အမေရိကန် စစ်တပ်ကလည်း ပစ်မှတ် အသစ်တွေကို ထည့်သွင်းစဉ်းစားနေကြောင်း သိရပါတယ်။

ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်မှာ “ဒီကနေ့မှာ အီရန်ဟာ အလွန် ပြင်းထန်စွာ တိုက်ခိုက်ခံရလိမ့်မယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

“လုံးဝဖျက်ဆီးပစ်ဖို့နဲ့ သေချာပေါက် သေစေစေဖို့ အလေးအနက် ထည့်သွင်းစဉ်းစားနေတဲ့ အရာတွေ” ဟာ ‘’အခု အချိန်အထိ ပစ်မှတ်အဖြစ် မသတ်မှတ်ရသေးတဲ့ နယ်မြေတွေနဲ့ လူအုပ်စုတွေ ” ဖြစ်တယ်လို့ ဆိုထား ပါတယ်။

အီရန်သမ္မတရဲ့ အစောပိုင်း ပြောကြားချက်တွေကို ရည်ညွှန်းပြီး ထရမ့်က “သူက အရှေ့အလယ်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို တောင်းပန်ပြီး လက်နက်ချခဲ့ ကြောင်း၊ အဲဒီနိုင်ငံတွေကို နောက်နောင်တွင် ပစ်ခတ် တိုက်ခိုက် တော့မှာမဟုတ်ကြောင်း ကတိပြုခဲ့တယ်” လို့ ဆိုပါတယ်။

“ဒီလို ကတိကဝတ်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မနားမနေ တိုက်ခိုက်မှု တွေ ကြောင့်သာ ဖြစ်ပေါ်လာတာ’’ လို့ သူက ပြောကြားခဲ့ ပါတယ်။

အီရန်ဟာ သူ့ရဲ့ အိမ်နီးချင်းတွေ အပေါ် တိုက်ခိုက်မှုတွေကို လုံးဝ ရပ်တန့်တာ မရှိသေးဘဲ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ဒရုန်း တိုက်ခိုက်မှု တခု တွေ့ရသလို၊ ကာတာနိုင်ငံ ကလည်း ဒုံးကျည် တစင်းကို ကြားဖြတ် ဟန့်တားခဲ့ရတယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *