Sport

ဥရောပချန်ပီယံ စပိန် ပွဲဦးထွက် ၁ မှတ်သာရ၊ ပထမဆုံးဝင်ပြိုင်ခွင့်ရတဲ့ ကိတ်ဗာဒီ အသင်းကို ဂိုးမရှိ သရေသာ ကန်နိုင်

ATLANTA, GEORGIA – JUNE 15: A general view as players line up before the FIFA World Cup 2026 Group H match between Spain and Cabo Verde at Atlanta Stadium on June 15, 2026 in Atlanta, Georgia. (Photo by Justin Setterfield/Getty Images

ဇွန် ၁၅ – ၂၀၂၆

စပိန် ၀-၀ ကိတ်ဗာဒီ

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ အသင်းငယ် ကိတ်ဗာဒီ ဟာ လက်ရှိ ဥရောပချန်ပီယံလည်းဖြစ်၊ ကမ္ဘာ့ဖလား ရေပန်းစား ထိပ်ဆုံး အသင်းလည်းဖြစ်တဲ့ စပိန်အသင်းကို သရေ ကစားသွားနိုင်ခဲ့ပါပြီ။

ဒီလို အခြေအနေ မဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားပဲ ဘောလုံးဟာ အလုံးကြီး ဆိုတဲ့အတိုင်း တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ သမိုင်းဝင် ဖြစ်ရပ်ပါ။

ကိတ်ဗာဒီ ဂိုးသမား Vozinha တယောက် အတိုင်းထက် အလွန် ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျခဲ့ပါတယ်။

ဒီ ကိတ်ဗာဒီနိုင်ငံသားတွေ အတွက်တော့ ဒါဟာ အံ့မခန်းလောက်စရာ အောင်မြင်မှု မှတ်တိုင်တခု ဖြစ်ပါတယ်။

ကိတ်ဗာဒီအသင်းသားတွေဟာ ကမ္ဘာ့ဖလားကြီးကိုပဲ ဆွတ်ခူး သွားနိုင်ခဲ့ သလိုမျိုး အောင်ပွဲခံနေကြတာဖြစ်ပြီး ဒါကိုလည်း ဘယ်သူကမှ အပြစ် ပြောလို့ ရမှာမဟုတ်ပါဘူး။

ပွဲပြီးခါနီးမှာတော့ စပိန်တိုက်စစ်မှူး Mikel Oyarzabal ဟာ ထောင့်ကန် ဘောကနေ ရှေ့တိုင်နားမှာ ဖြတ်ပိတ်ခေါင်းတိုက်ခဲ့ သေးပေမဲ့ ဘောလုံးက ဂိုးပေါက် လွဲပြီး အပြင်ကို ထွက်သွားခဲ့ပါတယ်။

ကိတ်ဗာဒီ နိုင်ငံဟာ အာဖရိကအနောက်ဘက် ကမ်းလွန် အတ္တလန္တိတ်သမုဒ္ဒရာထဲက လူဦးရေ ၅ သိန်းခွဲ ဝန်းကျင်ပဲရှိတဲ့ ကျွန်းစုနိုင်ငံလေး ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *