မေလ ၃၀ – ၂၀၂၆
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဖိတ်ကြားချက်နဲ့ အိန္ဒိနိုင်ငံ ဂါယာလေဆိပ်ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ သမ္မတသစ် ဦးမင်းအောင်လှိုင် ကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့ တာဝန်ရှိသူတွက ကြိုဆိုခဲ့ကြောင်း မြန်မာပြန်ကြားရေးက သတင်းထုတ်ပြန် ထားပါတယ်။
အဲဒီနောက် ခေတ္တတည်းခိုမယ့် ICT Hotels Bodh Gaya ဟိုတယ်ကို ရောက်ရှိသွားကြ ကြောင်း ဖေါ်ပြထားပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ စစ်တပ်အရာရှိတွေ နဲ့ ဒုတိယဝန်ကြီးတွေ လိုက်ပါသွားကြောင်း သိရပါတယ်။
—————————
THN Public Media
