ဧပြီ ၂၂ – ၂၀၂၆
ထုတ်ပြန်ချက်
—————–
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်မှမတရားသဖြင့်ထိန်းသိမ်းထားသည့် ဦးဝင်းမြင့်ကိုလွှတ်ပေးခြင်းအား သြစတြေးလျမှ အသိအမှတ်ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့်ထိန်းသိမ်းခံထားရဆဲအကျဥ်းသားများအားလုံးကို ချွင်းချက်မရှိလွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်။
အရပ်သားပြည်သူများအပေါ်အကြမ်းဖက်မှုများရပ်တန့်ရန်၊ လိုအပ်နေသူအားလုံးကိုခွဲခြားမှုမရှိပဲ လူသားချင်းစာနာမှုအကူအညီများဆီ လုံခြုံစွာအဟန့်အတားမရှိလက်လှမ်းမီစေရန်နှင့် စစ်မှန်၍အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်မည့်ကတိကဝတ်ပြုရန် မိမိတို့ထပ်လောင်းတောင်းဆိုသည်။
ဤအကျပ်အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို မိမိတို့ပံ့ပိုးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပါသည်။
သြစတြေးလျသည် မြန်မာနိုင်ငံတွင် အခက်အခဲဒုက္ခများလျော့ကျစေရန်၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများတိုးတက်စေရန်နှင့် ဆက်လက်ဖြစ်ပွါးနေဆဲအကျပ်အတည်းအတွက် ရေရှည်တည်တံသည့်အဖြေကိုရှာဖွေရရှိနိုင်ရန်အတွက် စစ်မှန်သောကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးဖို့အသင့်ရှိပါသည်။
—————————
THN Public Media
