မေလ ၂၃ – ၂၀၂၆
ပြည်သူ့ဂုဏ်ရည်အသင်း က ချီးမြှင့်တဲ့ ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်းဟောင်း ဦးမင်းကိုနိုင် က ရရှိ သွားပါတယ်။
ဒီဆုကို နှစ်စဥ် ချီးမြှင့်တာ ဖြစ်ပြီး အခုနှစ် ၁၇ ကြိမ်မြောက် ဆုပေးပွဲ အခမ်း အနား ကိုတော့ ချင်းမိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမှာ ဒီကနေ့ ကျင်းပခဲ့တာ ဖြစ်ပြီး ဆုကို ဦးမင်းကိုနိုင် ကိုယ်စား ဦးဇော်ဇော်အောင် က လက်ခံရယူခဲ့ကြောင်းသိရပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အတူ အမေရိကန် ဒေါ်လာ ၁၀၀၀၀ လည်း ချီးမြှင့်ခဲ့ပါတယ်။
ဒီဆုကို မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို နှစ်စဥ် ရွေးချယ် ချီးမြှင့်နေတာ ဖြစ်ပါတယ်။
—————————
THN Public Media
