THN Public Media Blog သတင်း ပြည်တွင်း ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ကနေ ၂၀၂၅ ဒီဇင်ဘာ ၂၆ အထိ အကြမ်းဖက်မှု တွေကြောင့် သာမန်ပြည်သူ ၉၉၀၈ ဦးသေဆုံးခဲ့ကြောင်း စစ်ကော်မရှင် ပြောကြား၊ AAPP ကတော့ စစ်တပ်ကြောင့် ပြည်သူ ၇၆၄၀ သေဆုံးခဲ့ပြီလို့ ထုတ်ပြန်
ပြည်တွင်း

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ကနေ ၂၀၂၅ ဒီဇင်ဘာ ၂၆ အထိ အကြမ်းဖက်မှု တွေကြောင့် သာမန်ပြည်သူ ၉၉၀၈ ဦးသေဆုံးခဲ့ကြောင်း စစ်ကော်မရှင် ပြောကြား၊ AAPP ကတော့ စစ်တပ်ကြောင့် ပြည်သူ ၇၆၄၀ သေဆုံးခဲ့ပြီလို့ ထုတ်ပြန်

ဒီဇင်ဘာ ၃၁ – ၂၀၂၅

၂၀၂၁ အာဏာသိမ်းပြီးနောက် ၂၀၂၅ ဒီဇင်ဘာ ၂၆ အထိ အကြမ်းဖက်မှု တွေကြောင့် သာမန်ပြည်သူ ၉၉၀၈ ဦးသေဆုံးခဲ့ကြောင်း စစ်ကော်မရှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး သေဆုံးသူတွေဟာ အပြစ်မဲ့အရပ်သားတွေ၊ သံဃာတော် တွေ၊ ကလေးသူငယ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူတွေ နဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်ကြကာ ဒဏ်ရာ ရသူ ၁၃၀၁၁ ရှိခဲ့ တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း အဆောက်အအုံနဲ့ ပစ္စည်း စုစုပေါင်း ၇၅၉၈ ခု ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောကြားသွားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် AA နဲ့ ပတ်သက်ပြီးလည်း AA အဖွဲ့ဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ကနေ လက်နက်ခဲယမ်း ဝယ်ယူ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၅ ဒီဇင်ဘာ ၃၀ အထိ စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် ပြည်သူ (၇၆၄၀) ဦး သေဆုံးခဲ့ရပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှု ဖြစ်စဥ်ကြောင့် ဖမ်းဆီးခံရသူ အခုအချိန်အထိ ၂၂၆၈၂ ဦး ရှိနေသေတယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version