THN Public Media Blog သတင်း နိုင်ငံရေး (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား လိုင်ဇာမှာ ကျင်းပ၊ နှစ်ပေါင်း ၅၀ တာဝန်ထမ်းခဲ့သူ တွေကို ရွှေတံဆိပ်ဆုချ
နိုင်ငံရေး

(၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား လိုင်ဇာမှာ ကျင်းပ၊ နှစ်ပေါင်း ၅၀ တာဝန်ထမ်းခဲ့သူ တွေကို ရွှေတံဆိပ်ဆုချ

ဖေဖေါ်ဝါရီ ၆ – ၂၀၂၆

မနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တော်လှန်ရေး နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ တော်လှန်ရေး တာဝန်ထမ်းဆောင်မှု နှစ် ၅၀ ပြည့် အရာရှိတွေကို ရွှေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

ရွှေတံဆိပ် ဂုဏ်ပြုခံရသူတွေကတော့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် (Gunhtang Gam Shawng)၊ ဗဟိုပညာရေး ဌာန အခြေခံပညာ ညွှန်ကြားရေးမှူး ဆရာကြီး ဒေါ်ခါးယောဆော (Htawngga Yaw Sau) နဲ့ ဒိုင်လွန်ရုံး (Dai Lawn Rung) က ဒုတိယ ရုံးအုပ်ကြီး ဦးဒီအောင် (Udi Awng) တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ကချင်အစိုးရမှာ တာဝန်ထမ်းဆောင်မှု သက်တမ်း ၅ နှစ်၊ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀၊ နှစ် ၄၀ နဲ့ နှစ် ၅၀ ပြည့် ဝန်ထမ်း စုစုပေါင်း (၁၄၁၄) ဦးကို လည်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသလို၊ တော်လှန်ရေးမှာ ကြိုးပမ်းနေကြတဲ့ ဝန်ထမ်း အားလုံး အတွက် အထူး ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

(၆၅) နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ကချင် အစိုးရ အုပ်ချုပ်နယ်မြေ အတွင်းက ခရိုင်၊ မြို့နယ်၊ ကျေးရွာတွေနဲ့ ပြည်ပရောက် ကချင်လူမှု အဖွဲ့အစည်းတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ကျင်းပခဲ့ကြတယ် လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version