ပြည်တွင်း

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်ပွဲ အခမ်းအနား စစ်ကော်မရှင် ဥက္ကဌ တက်ရောက်

ဖေဖေါ်ဝါရီ ၇ – ၂၀၂၆

မနေ့ ဖေဖေါ်ဝါရီ ၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့နဲ့ ဒလ ကို ဆက်သွယ် ပေးတဲ့ ရန်ကုန် ဒလ Landmark အထင်ကရအမှတ်အသား ဖြစ်လာမယ့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်ပွဲ အခမ်းအနား ကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။

ဒီတံတားကို ၂၀၁၉ ခုနှစ်မှာ အဲဒီတုန်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စတင်ပန္နက်ရိုက် ဆောက်လုပ် စေခဲ့တာ ဖြစ်ပါတယ်။

တံတားကြီးရဲ့ ကုန်ကျစရိတ်ကို အမေရိကန် ဒေါ်လာ ၁၈၈.၁၇၄ သန်း နဲ့ စတင် တည်ဆောက်ခဲ့ပေမယ့် အပြီးသတ်ဆောင်ရွက်နိုင်ဖို့ မြန်မာကျပ်ငွေ (၂၃ ဒသမ ၀၆၂) ဘီလျံ ထပ်ဆောင်းထည့်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ (Economic Development Cooperation Fund-EDCF) ကနေ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၈၃၃) ချေးယူ သုံးစွဲခဲ့တာ လည်း ဖြစ်ပါတယ်။

(ဒလ) တံတားကြီး တည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရန်ကုန်မြို့ ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့တွေကို လွယ်ကူ လျင်မြန် စွာ သွားလာနိုင်မှာ ဖြစ်သလို အဲဒီကနေ ဒေးဒရဲတံတား က တဆင့် ဧရာဝတီတိုင်း ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသတွေကို လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version