ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုပ်ဖရ မြို့နယ် Chong Khaep ရွာနဲ့ မျက်နှာချင်းဆိုင် သောင်ရင်းမြစ် တဘက်ကမ်း မြန်မာဘက်ခြမ်းမှာ အဆောက်အဦးကြီးတွေ အသစ်ထပ်မံ ဆောက်လုပ်နေတာကို တွေ့ရကြောင်း ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
ကျောက်ခက်ဒေသမှာ ဖြစ်တဲ့ ဒီအဆောက်အဦး အသစ်တွေမှာ နေရောင်ခြည် စွမ်းအင်အတွက် ဆိုလာပြားတွေ အများအပြား တပ်ဆင် ထားတယ်လို့ ဆိုပါတယ်။
အဆောက်အဦးတွေ ရဲ့ ဧရိယာပတ်လည်မှာ မြင့်မားတဲ့ ကွန်ကရစ် ခြံစည်းရိုးတွေ ကာရံထားပါတယ်။
ဒါ့အပြင် အဆောက်အအုံ ခေါင်မိုးတွေပေါ်မှာ Starlink အင်တာနက် ချိတ်ဆက် ကိရိယာတွေကိုလည်း တွေ့မြင်နေရပါတယ်။
ဒါဟာ မြဝတီဒေသက KK Park နဲ့ ရွှေကုက္ကိုလ်မှာ ကျားဖျန့် လိမ်လည် ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ လုပ်နေတဲ့အချိန် အခုလို ဒီဘက်ကို ပြောင်းရွှေ့ တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
Ref: The Reporters
—————————
THN Public Media
