War

စစ်တပ်ရဲ့ ဗုံးကြဲတဲ့ စက်တပ်လေထီး ပျက်ကျ

နိုဝင်ဘာ ၂၂ – ၂၀၂၅

လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ စစ်တပ်ရဲ့ စက်တပ် လေထီး တစင်း ပေါက် နဲ့ မြိုင် အစပ် တနေရာမှာ ဒီကနေ့ ညနေပိုင်းက ပျက်ကျသွားတယ်လို့ သိရပါတယ်။

ပခုက္ကူတပ်မ (101) ကနေ နှစ်စင်း တက်လာတာ ဖြစ်ပြီး ပေါက်နယ် မြိုင်နယ် အစပ်ကို ဗုံးကြဲ တိုက်ခိုက်ပြီး အပြန် တစီးပျက်ကျ သွားခဲ့တာ ဖြစ်ပါတယ်လို့ ‘’ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်’’ ပေ့ချ်မှာ ဖေါ်ပြထားပါတယ်။

လုံခြုံရေးကြောင့် ပျက်ကျတဲ့ နေရာ အတိအကျကိုတော့ ဖေါ်ပြထားခြင်း မရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *