နိုင်ငံရေး

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ရှင်းလင်းကြားနာပွဲပြုလုပ်၊ စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဂျပန်အစိုးရ လက်ခံခြင်းမပြုဖို့ တောင်းဆို

ဒီဇင်ဘာ ၄ – ၂၀၂၅

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့ အရေး ရှင်းလင်း ကြားနားပွဲ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ သတင်းထုတ်ပြန်ထားပါတယ်။

NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင် ဖြစ်ကြောင်းနဲ့ လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဂျပန်အစိုးရ အနေနဲ့ လက်ခံခြင်း မပြုဖို့ကို တောင်းဆိုခဲ့ပါတယ်။

ဒီ ကြားနာပွဲကို NUG ဂျပန် ကိုယ်စားလှယ်ရုံး နဲ့ မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံကြတဲ့ ဂျပန် လွှတ်တော် အမတ်များသမဂ္ဂတို့ ကနေ ပူးပေါင်း စီစဉ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *