နိုင်ငံတကာ

အင်္ဂလန်မှာ တုပ်ကွေး flu ကြောင့် ဆေးရုံတက် ကုသမှု မြင့်မားခဲ့ပြီး အနည်းငယ် ပြန်ကျဆင်း၊ ဆေးရုံတွေမှာ သတိထားရမယ့်အဆင့် ဆက်လက် သတ်မှတ်

ဒီဇင်ဘာ ၁၉ – ၂၀၂၅

အင်္ဂလန်နဲ့ ယူကေ ဒေသအသီးသီးမှာ ရာသီတုပ်ကွေး Flu ကြောင့် ဆေးရုံတက် ကုသရတဲ့ အခြေအနေဟာ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ မြင့်တက်ခဲ့ပြီး အခု သီတင်းပတ်မှာတော့ အနည်းကျဆင်းလာတယ်လို့ ဒေတာတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကတော့ အင်္ဂလန် ဆေးရုံတွေမှာ တုပ်ကွေးကြောင့် တက်ရောက်ကုသရသူ လူနာအရေအတွက်ဟာ ပျမ်းမျှ ၃၁၄၀ ဦး ရှိခဲ့ပါတယ်။

ဒါဟာ ခုနစ်ရက်အတွင်း ၁၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီမတိုင်ခင် သီတင်းပတ်ကတော့ ၅၅ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်ခဲ့တာကြောင့် နှိုင်းယှဉ်မှုအရ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

အချို့ဒေသတွေဟာ စိတ်သက်သာရာ စတင်ရနေပြီ ဖြစ်ပေမယ့် ဘေးကင်းတဲ့ အခြေအနေရောက်ဖို့ ဝေးနေသေးတယ်လို့ NHS အမျိုးသား ဆေးဘက်ဆိုင်ရာ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။

ဆေးရုံ အများအပြားမှာလည်း “အထူးသတိပေးချက်” (high alert) အခြေ အနေမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

စကော့တလန်မှာ တုပ်ကွေးလူနာ လျော့ကျသွားပြီး ဝေးလ် (Wales) မှာလည်း ကူးစက်မှုနှုန်း နှေးသွားသလို မြောက်အိုင်ယာလန် မှာ အလားတူ နေပါတယ်။

ဒီအတွက် ယူကေ တနိုင်ငံလုံး အနေနဲ့ ကတော့ ပြည်သူ လူထု အကြား ကူးစက်မှုနှုန်း တည်ငြိမ်နေတဲ့ အနေအထား ရှိပါတယ်။

အခုလို တုပ်ကွေးဖြစ်ပွားမှု မြင့်မားနေချိန် အင်္ဂလန်က ဂျူနီယာ ဆရာဝန် တွေ ဟာ သပိတ်ဆင်နွှဲနေတာကြောင့် ဆေးရုံတွေမှာ အခက်အခဲ တချို့ ရှိနေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က အခုလို သပိတ်ဆင်နွှဲတာကို “အန္တရာယ်ရှိပြီး လုံးဝ တာဝန် မဲ့တဲ့ လုပ်ရပ်” လို့ ပြောဆိုလိုက်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *