နိုင်ငံရေး

ဒေါ်ကြည်ပြာ အမှု စစ်ဆေးမှု ၁ လပြည့် ရလဒ်ထုတ်ပေးဖို့ တိုင်ကြားသူတွေ တိုက်တွန်း၊ စုံခုံဘက်က ဒေါ်ကြည်ပြာရဲ့ တန်ပြန် တိုင်ကြားမှုကို စစ်ဆေးလို

ဒီဇင်ဘာ ၂၂ -၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ အဂတိလိုက်စားမှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး စုံခုံ စစ်ဆေးမှု ဒီကနေ့ ၁ လပြည့်ပြီဖြစ်လို့ စစ်ဆေးထားတဲ့ ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားထားသူတွေက ဒီကနေ့ တိုက်တွန်း‌တောင်းဆိုလိုက်ပါတယ်။

စုံခုံရဲ့ စစ်ဆေးမှု အတွက် သတ်မှတ်ထားချိန်ဟာလည်း ၁ လဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တလ တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါ်ကြည်ပြာက တိုင်ကြားထားသူတွေကို တန်ပြန် တိုင်ကြားထားမှု အပေါ် စစ်ဆေးဖို့ စုံခုံဘက်က အလိုရှိနေပြီး စစ်ဆေးဖို့ ရက်ချိန်း ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားသူ ဝန်ထမ်းတွေ ကတော့ မကြည်ပြာ အမှုကို အဖြေမထုတ် သေးဘဲ အခုလို သူတို့ကို စစ်ဆေးမှာကို ငြင်းဆန်ထားကြောင်းလည်း သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *