သတင်း

ထိုင်း တနိုင်ငံလုံးမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို စစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူမယ်

ဇန်နဝါရီ ၁၉ – ၂၀၂၆

ထိုင်းနိုင်ငံအနှံ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးမှာ ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် စွန်ချိုင်း မော်ရကို့စီဝမ် က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့က ဘန်ကောက်မြို့အနီး စမွတ်ပရာကန် ခရိုင်၊ ဘန်ဘော် မြို့နယ်မှာ အိမ်နီးချင်းနိုင်ငံ လုပ်သားတွေက Rider (ပို့ဆောင်ရေးလုပ်သား) တဦးကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့တဲ့ သတင်း ထွက်ပေါ်ပြီးနောက် အခုလို ပြောကြား ခဲ့တာ ဖြစ်တယ်လို့ အလုပ် အကိုင် ခန့်ထားရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီ နိုင်ငံခြားသား အလုပ်သမားတွေဟာ ထိုင်းနိုင်ငံသားတွေ အတွက်သာ ခွင့်ပြု ကန့်သတ် ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြတာကို သတိပြုမိ ကြောင်း စွန်ချိုင်းက ပြောပါတယ်။

နိုင်ငံခြားသား လုပ်သားတွေ အနေနဲ့ ခွင့်ပြုချက်မရှိတဲ့ အလုပ် လုပ်ကိုင် တာ၊ ထိုင်းနိုင်ငံသားတွေ အတွက်သာ သီးသန့် ကန့်သတ် ထားတဲ့ အလုပ်တွေကို လုပ်ကိုင်တာတွေကို တွေ့ရှိပါက ထို ဥပဒေအရ ပြတ်ပြတ် သားသား အရေးယူသွားမယ်လို့လည်း စွန်ချိုင်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် မရှိဘဲ အလုပ်လုပ်တာ၊ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားထက် ကျော်လွန် လုပ်ကိုင်တာ တွေ့ရှိမယ်ဆိုရင် ထိုင်း ဥပဒေ အရ ဒဏ်ငွေ ဘတ် ၅၏၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရတာ အပြင် နေရပ်ကို ပြန်လည်ပို့ဆောင်ခြင်း ခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ကျခံရတဲ့ နေ့ကစလို့ ၂ နှစ် အထိ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထပ်မံလျှောက်ထားခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

Crd – Migrant times

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *