ဇန်နဝါရီ ၂၆ – ၂၀၂၆
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရှုံးနိမ့်ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားကြောင်း ကနဦး သိရှိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ဦးရန်မျိုးအောင်သိန်း အနိုင်ရခဲ့တာ ဖြစ်ပြီး မဲ ၈၀၀ ကျော် အကွာနဲ့ ဦးကိုကိုကြီး ရှုံးခဲ့တာ ဖြစ်ပါတယ်။
ဦးကိုကိုကြီး ကိုယ်တိုင်မဲပေးခဲ့တဲ့ လမ်းမတော် ၂ ရပ်ကွက် မဲရုံ ၂ မှာတော့ မဲပေးသူ ၄၃၀ ရှိခဲ့ပြီး ဦးကိုကိုကြီးက ၁၆၂ မဲ ပြည်ခိုင်ဖြိုးက ၁၆၆ မဲ ရရှိတာကို တွေ့ရပါတယ်။
ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အနက် ပထမပိုင်းမှာ မြိတ်မြို့နယ် ကနေ တိုင်းလွှတ်တော်အတွက် FPTP နဲ့ တဦးသာ အနိုင် ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း PR စနစ် အရ ပြည်သူပါတီ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် အနည်းငယ်မျှ အနိုင်ရရှိထားကြောင်းလည်း သိရပါတယ်။
—————————
THN Public Media
