ဇန်နဝါရီ ၂၆ – ၂၀၂၆
တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့အကြား မနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည က ဆွေးနွေးခဲ့ကြောင်း NUCC က သတင်းထုတ်ပြန်လိုက်ပါတယ်။
အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခု ပေါ်ပေါက်စေဖို့နဲ့ အင်အားစုတွေ အကြား သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်း ဖြေရှင်း နိုင်ရေး သဘောတူညီမှု များစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ NUCC ဘက်က ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ကျန်အစုအဖွဲ့ အသီးသီးက ကောင်စီဝင်တွေ တက်ရောက်ခဲ့ပြီး NUG ရဲ့ Political Coordination Commission က ဝန်ကြီးတွေ တက်ရောက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
