မတ်လ ၁၈ – ၂၀၂၆
အီရန် ထောက်လှမ်းရေးဝန်ကြီး Esmail Khatib သေဆုံးသွားပြီ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ပြောကြား လိုက်ပြီးနောက် အီရန်နိုင်ငံကပါ အတည်ပြု ထုတ်ပြန်လိုက် ပါတယ်။
“မနေ့ညက အီရန်ထောက်လှမ်းရေးဝန်ကြီး Khatib ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီ” လို့ အစ္စရေး ကာကွယ်နေရးဝန်ကြီး က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက် အပြီးမှာပဲ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ IDF က အီရန် ထောက်လှမ်းရေးဝန်ကြီး ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက် အလက် တွေကို ထုတ်ပြန်လာပါတယ်။
Khatib ရဲ့ ထောက်လှမ်းရေး ဝန်ကြီးဌာနဟာ အီရန်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက် လုပ်ငန်းစဉ်တွေ ကို ကူညီပေးရာမှာ အဓိက အခန်း ကဏ္ဍက ပါဝင်ခဲ့ သလို၊ သူကိုယ်တိုင် ကလည်း မကြာသေးမီက အီရန်မှာ ဖြစ်ပွား ခဲ့တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်မှု တွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့သူ ဖြစ်တယ် လို့ ဆိုပါတယ်။
“သူ့ကို အမြစ်ပြတ်ချေမှုန်း နိုင်လိုက်တာဟာ အီရန် အကြမ်းဖက်အစိုးရရဲ့ တခြားသော အဆင့်မြင့်တပ်မှူးကြီး ဒါဇင်ပေါင်း များစွာကို ချေမှုန်း နိုင်ခဲ့တာ နဲ့အတူ အစိုးရရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှု ယန္တရားတွေကို သိသိ သာသာ အားနည်းသွားစေပါတယ်” လို့ IDF က ထပ်လောင်း ပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
