နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ် ၁၈ နှစ်ကျော် ကျန်ရှိ

ဧပြီ ၃၀ – ၂၀၂၆

ဒီကနေ့ ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြစ် အကျဥ်းသား အားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့ အတွက် ၂၀၂၁ စစ်တပ်အာဏာသိမ်း ကတည်းက နှစ်ရှည် အကျဥ်းချ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျုံးဝင်တဲ့ အတွက် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့် ရသွားကြောင်း သိရပါတယ်။

အရင်တခေါက် ဧပြီ ၁၇ ရက်နေ့တုန်း ကလည်း ပြစ်ဒဏ်လျှော့ပေါ့မှု အရ ဒေါ်အောင်ဆန်းစုကြည်မှာ ၂၂ နှစ်နဲ့ ၆ လ ကျန်ရှိနေတာ ဖြစ်ပါတယ်။

အခု ၆ ပုံ ၁ ပုံ ထပ်လျှော့တဲ့ အတွက် ၁၈ နှစ် ‌ကျော်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *