နိုင်ငံရေး

ဦးမင်းအောင်လှိုင် ရန်ကုန်မှာ လှည့်လည်ကြည့်ရှု၊ ဦးမန်းဝင်းခိုင်သန်း ပဲခူး လွတ်မြောက်နယ်မြေ ရပ်ကွက်တခုမှာ လမ်းလျှောက်

မေလ ၄ – ၂၀၂၆

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ ကနေ ဖြစ်လာတဲ့ သမ္မတသစ် ဦးမင်းအောင်လှိုင်ဟာ မကြာသေးခင်က ရန်ကုန်မြို့မှာ တပ်ချုပ် အပါအဝင် ဝန်ကြီးတွေနဲ့ လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်မြို့ အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ သန့်ရှင်း သာယာ လှပရေး လုပ်ငန်း တွေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီး တချို့ အပါအဝင် ကိုမင်းကိုနိုင် တို့လည်း ပဲခူးတိုင်းက လွတ်မြောက် နယ်မြေ ရပ်ကွက် တခုမှာ လမ်းလျှောက် ထွက်တဲ့ ဗီဒီယို ကလစ် အတို တခု မနေ့က ထွက်ပေါ်လာပါတယ်။

ဘယ်တုန်းက ရိုက်ကူးထားတယ် ဘယ်နေရာမှာ ဆိုတာကိုတော့ အတိ အကျ မသိရှိရပါ။

စစ်တပ်က အာဏာ အုပ်စီးထားတဲ့ အစိုးရသစ် ရဲ့ သမ္မတသစ် ကလည်း စည်းရုံးရေး အတွက် ရန်ကုန်မြို့မှာ လှည့်လည် ကြည့်ရှု နေသလို NUG အနေနဲ့လည်း စိုးမိုး ထိန်းချုပ် ရပ်ကွက်နေရာတွေမှာ လွတ်လွတ်လပ်လပ် ရှိကြောင်း ဖေါ်ပြနေတာ ဖြစ်ပါတယ်။

စစ်တပ် ဘက်ကတော့ ၂၀၂၆ မှာ မန္တလေးတိုင်း အတွင်းက PDF ထိန်းချုပ် ဒေသတွေ အကုန်လုံး ပြန်လည် သိမ်းယူခဲ့ပြီး စစ်ကိုင်းတိုင်းထဲက ထီးချိုင့် ကသာ အင်းတော် မြို့တွေကို ပြန်သိမ်းထားကာ အခု မော်လူးမြို့ကို သွားနေတယ်လို့ သိရပါတယ်။

NUG CRPH ကလည်း တိုင်းရင်းအသား အဖွဲ့တွေ ဖြစ်တဲ့ K3C နဲ့ ဖက်ဒရယ် ဦးဆောင် ကောင်စီ SCEF ဖွဲ့စည်းပြီး တပ်ပေါင်းစု အနေနဲ့ စစ်ရေး နိုင်ငံရေး တို့ကို အရှိန်မြှင့် ဆောင်ရွက်ဖို့ ရှိတယ်လို့ သိထားရ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *