THN Public Media Blog သတင်း နိုင်ငံတကာ BBC ကို တရားစွဲမယ်လို့ ထရမ့် ကြေညာ၊ ဒေါ်လာ ၅ ဘီလီယံ အထိ လျော်ကြေး တောင်းမယ်လို့ ဆို
နိုင်ငံတကာ

BBC ကို တရားစွဲမယ်လို့ ထရမ့် ကြေညာ၊ ဒေါ်လာ ၅ ဘီလီယံ အထိ လျော်ကြေး တောင်းမယ်လို့ ဆို

နိုဝင်ဘာ ၁၅ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က BBC Panorama အစီအစဥ် ကနေ သူ့ရဲ့ မိန့်ခွန်းကို တည်းဖြတ်ပုံ နဲ့ ပတ်သက်ပြီး BBC ကို တရားစွဲကာ လျော်ကြေး ၅ ဘီလျံ အထိ တောင်းဆိုသွားမယ်လို့ ကြေညာ လိုက်ပါ တယ်။

ထရမ့်က နောက်ဆုံး အချိန် သတ်မှတ်ပေးထားတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ည မတိုင်ခင် BBC က တောင်းပန်ခဲ့ပေမယ့် ငွေကြေး လျော်ကြေး ပေးဖို့ ငြင်းဆန်တဲ့ နောက် ထရမ့်က အခုလို ကြေညာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သောကြာနေ့ညက Air Force One လေယာဥ်ပေါ်မှာ သတင်းထောက် တွေကို ပြောကြားရာမှာ ထရမ့်က “လာမယ့် သီတင်းပတ် အတွင်းမှာ ဒေါ်လာ ၁ ဘီလီယံ ကနေ ၅ ဘီလီယံ လောက် အထိ လျော်ကြေး တောင်းပြီး တရားစွဲမယ်” လို့ ဆိုပါတယ်။

ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာ နဲ့ အခု သီတင်းပတ် ကုန်မှာ ဒီကိစ္စကို ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ဇန်နဝါရီ ၆ ရက် ထရမ့် မိန့်ခွန်းကို BBC ရဲ့ တည်းဖြတ်မှုဟာ “သမ္မတ ထရမ့်က အကြမ်းဖက်မှု အတွက် တိုက်ရိုက် တိုက်တွန်း နှိုးဆော် ခဲ့တယ် ဆိုတဲ့ မှားယွင်းတဲ့ ထင်မြင်ချက်ကို မရည်ရွယ်ဘဲ ဖြစ်ပေါ်စေခဲ့ ကြောင်း” BBC က ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း BBC က လျော်ကြေးပေးဖို့ ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ ရက် သောကြာနေ့ ည ၁၀ နာရီ နောက်ဆုံးထား တုံ့ပြန်ဖို့ ထရမ့်ရဲ့ သတ်မှတ်ချိန် အတိုင်း BBC ကနေ အခုလို ပြန်ကြား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဖြစ်စဥ် အငြင်းပွားမှုကြောင့် BBC ရဲ့ ညွှန်ကြားရေးမှူးချုပ် Tim Davie နဲ့ သတင်းဌာနအကြီးအကဲ Deborah Turness တို့ တနင်္ဂနွေနေ့က ရာထူး ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

မနေ့ သောကြာနေ့ အထိ တရားရုံး မှတ်တမ်းတွေမှာတော့ BBC ကို တရားစွဲဆို ထားတဲ့ အမှုအခင်း တစ်ခုမှ မတွေ့ရသေးပါ။

ထရမ့် အမှုဖွင့်နိုင်ခြေရှိတဲ့ ဖလော်ရီဒါပြည်နယ် ဖက်ဒရယ်နဲ့ ပြည်နယ် တရားရုံး တွေ ဟာ စနေ တနင်္ဂနွေ အတွက် ရုံးပိတ်ထားပြီဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version