Blog

နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ဆုလာဘ်ကြီးပေးတာ” ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ကြီးမားသော ဆုလာဘ်ပေးခြင်း” ဖြစ်တယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။ဆိုရှယ် လူမှုကွန်ရက်မှာ တင်ခဲ့သော ဗီဒီယိုတခုမှာ ဘင်ဂျမင် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ “ဖြစ်လာမှာမဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။ “ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်လို့ရမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ဟာ West Bank ရှိ ဂျူးအခြေချ နေထိုင်မှုတွေကို နှစ်ဆတိုးခဲ့ပြီး “ဒီလမ်းကြောင်း အတိုင်း ဆက်လက်သွားနေမယ်” လို့လည်း ဆိုပါတယ်။ နေတန်ယာဟုက အစ္စရေးဒေသမှာ သူ့အဆို “အကြမ်းဖက်နိုင်ငံကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းမှု” အပေါ်

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်

စက်တင်ဘာ ၂၂ – ၂၀၂၅ ချာလီကာ့ခ် အတွက် အောက်မေ့ဖွယ် အခမ်းအနားကို အရီဇိုးနားပြည်နယ် State Farm အားကစားကွင်းမှာ ကျင်းပရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တက်ရောက်လာတဲ့ လူ ၁ သိန်း နီးပါး ရှေ့မှာ ကွန်ဆာဗေးတစ် လှုပ်ရှားသူ ချာလီ ကာ့ခ် ကို “ကြီးမြတ်တဲ့ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူး ပြောဆို လိုက်ပါတယ်။ “သူက အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်သူပါ” လို့ ထရမ့်က ကာ့ခ်အကြောင်း ပြောကြားခဲ့ပါတယ်။“ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်း အတွက် ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ထဲက ဘယ်သူမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ပ။ သမိုင်းကလည်း မမေ့ပါဘူး” လို ပြောကြားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

ယှဥ်ပြိုင်ရမယ့် မဲဆန္ဒနယ်အရေအတွက် ကို ကာလုံပြင်ဆင်ပေး

စက်တင်ဘာ ၂၁ – ၂၀၂၅ လာမယ့် ဒီဇင်ဘာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့်ဝင်ပြိုင်မယ့် ပါတီတွေဟာ မဲဆန္ဒနယ်အားလုံးရဲ့ တဝက် ဝင်ရောက် ရမယ် ဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေကို ”တဝက် အစား” အနည်းဆုံး ”၄ ပုံ ၁ ပုံ” သာ ဝင်ရောက် ယှဥ်ပြိုင်ရမယ်ဆိုပြီး ဥပဒေ ပြင်ဆင်ကြောင်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ကို ပြင်ဆင် ပြဌာန်းလိုက်တာလို့ ဖေါ်ပြထားပြီး ပုံ – မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ယာယီသမ္မတ

Read More
နိုင်ငံတကာ

နယ်သာလန်မှာ ရွှေ့ပြောင်းလာသူ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေ နဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

စက်တင်ဘာ ၂၁ – ၂၀၂၅ နယ်သာလန်နိုင်ငံ သယ်ဟိတ် မြို့မှာ စနေနေ့က ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ ပါတယ်။ လူ ၃၀ ကို ဖမ်းဆီးခဲ့ပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူ အများအပြားက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး တချို့က ကျောက်တုံးတွေ ပုလင်းတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။လူ ၁၅၀၀ လောက်ဟာ မြို့ကိုဖြတ်ပြီး ဖောက်လုပ်ထားသော အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပြီး ရဲကားတစီးကိုလည်း မီးရှို့ခဲ့ပါတယ်။ နယ်သာလန် ဝန်ကြီးချုပ် Dick Schoof က ရိုင်းစိုင်းတဲ့ အကြမ်းဖက်တဲ့ ထိတ်လန့်စရာ ကောင်းတဲ့ ဖြစ်စဥ်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး

Read More
War နိုင်ငံရေး ပြည်တွင်း

ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း၊ SNA တပ်စခန်းတချို့ နောက်ဆုတ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်

စက်တင်ဘာ ၂၁၊၂၀၂၅ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ထဲက စခန်းချို့ကို SNA ရှမ်းနီ အမျိုးသားတပ်မတော် ဘက်က လက်လွှတ်လိုက် ရပြီးနောက် KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။ SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာ ပေးလိုက် ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်း အထန် တိုက်ခိုက် နေကြတာဖြစ် တယ်လို့သိရပါတယ်။ ” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်စခန်း တချို့ လက်လွှတ် လိုက်ရတာပါ။ တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူ

Read More
မိုးလေဝသ

၆ ရက်စာ မိုးလေဝသ ခန့်မှန်းချက် – ဦးဌေးတင့် – မိုးဇလ ဘလော့ဂါ (စက်တင်ဘာ ၁၈ – ၂၀၂၅)

မုတ်သုံ ပုံမှန် အားကောင်းနေပြီး တောင်တရုတ်ပင်လယ်မှာ ဖြစ်မယ့် မုန်တိုင်းကြောင့် မိုးနှောင်း ကောင်းမယ့် အခြေအနေ နဲ့ မြန်မာနိုင်ငံ အတွက် ၆ ရက်စာ မိုးလေဝသ အခြေအနေကို ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က ခန့်မှန်း တင်ဆက်ပေးထားပါတယ်။

Read More
နိုင်ငံတကာ

သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်

စက်တင်ဘာ ၁၇ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံတော်အဆင့် ယူကေ ခရီးစဉ် ပထမ နေ့မှာ ချားလ်စ် ဘုရင် နဲ့ ဘုရင့်မိသားစု ကနေ ဝင်ဆာမြို့မှာ ခမ်းနားထည်ဝါစွာ ကြိုဆို ဧည့်ခံခဲ့ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် မယ်လနီယာ ထရမ့်တို့ ကို လှပတဲ့ ဝင်ဆာရဲတိုက် ဝင်းအတွင်း အလှဆင်ထားတဲ့ မြင်းရထား နဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတထရမ့်ဟာ ချားလ်စ်ဘုရင်နဲ့ အတူ ရဲတိုက်ဝင်း အတွင်း မြက်ခင်းပြင်ပေါ်ရှိ စစ်သည်တွေကို စစ်ဆေးခဲ့ကြ ပါတယ်။ ဘုရင်နဲ့ သမ္မတထရမ့်တို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေစဉ်မှာ တရားဝင် လက်ဆောင်တွေ ဖလှယ်ကြတဲ့ ရင်းနှီး ဖော်ရွေတဲ့

Read More
နိုင်ငံရေး ပြည်တွင်း

စစ်တပ်ကနေ ပြည်ခိုင်ဖြိုးကို အမတ်လောင်း ၅၀၀ နီးပါး ပေးပို့

စက်တင်ဘာ ၁၇ – ၂၀၂၅ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ကနေ အမတ်လောင်း ၅၀၀ နီးပါး ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အတည်မပြုနိုင်သေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေးပို့ခဲ့တဲ့ စရင်းအရ – *ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ သို့ ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောင်းရွှေ့ရမည့် အင်အား စာရင်းချုပ်* *ဗိုလ်ချုပ်ကြီး ၁ ဒုဗိုလ်ချုပ်ကြီး ၆ ဗိုလ်ချုပ် ၁၂ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး/ ဒုဗိုလ်မှူးကြီး ၃၀၀ ဗိုလ်ကြီး/ဗိုလ်မှူး ၁၁၀ အခြားအဆင့် ၆၀ (ရုံးအုပ်နှင့် တကက/စရ အပါ)* (၄၂၉ +၆၀= ၄၈၉) ဖြစ်ကြောင်း သိရပါတယ်။ နာမည်စာရင်းများ အားလုံး ပါတီဌာနချုပ်သို့ပေးပို့ပြီး

Read More
နိုင်ငံတကာ ပြည်တွင်း

မူးယစ်ဆေးဝါး မှောင်ခိုမှု AA ငြင်းဆို

စက်တင်ဘာ ၁၇ – ၂၀၂၅ မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ အာရက္ခတပ်တော် AA က ကူညီနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ရဲ့ ပြောကြားချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ငြင်းဆိုလိုက်ပါတယ်။ ” BGB က စွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါး တွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ အခြေအမြစ် မရှိ တဘက်သတ် လုပ်ကြံစွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ နယ်စပ်ကို ကျနော်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားပြီဖြစ်ပါတယ် ” လို့ ဦးခိုင်သုခ က ပြောကြောင်း DMG

Read More
ပြည်တွင်း

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ စက်တင်ဘာ ၁၆ – ၂၀၂၅ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အထင်ကရနေရာတခုဖြစ်တဲ့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမရှေ့က လုံခြုံရေးအတွက် ကာရံထားတဲ့ ဘယ်ရီဂိတ်တခုကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မတွေ့ရှိရဘူးလို့ သိရပါတယ်။ “မြို့တော်ခန်းမ အပြင်ဘက်မှာ ကာရံထားတဲ့ ဘယ်ရီဂိတ်အောက်ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ ဗုံးပေါက်တဲ့အချိန်က မနက်ပိုင်း လူသွားလူလာနည်းတဲ့ အချိန်မို့ လူထိခိုက်တာတော့ မတွေ့ခဲ့ရဘူး။

Read More