Blog

မိုးလေဝသ ရုပ်သံ

မုတ်သုံအကုန် မြောက်ပြန်လေနဲ့ ဆောင်းရာသီ – နှုတ်ဆက်မိုး – ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ)

မုတ်သုံအားလျော့လာပြီး မြောက်ပြန်လေ ဆင်းလာကာ ဆောင်းဦးကို နှုတ်ဆက်ဝင်ရောက်လာချိန်၊ သီတင်းတပတ် မိုးအနည်းငယ် ဆက်ရွာမယ့် အကြောင်း ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) ကနေ မိုးလေဝသ ခန့်မှန်းချက် ကနေ တင်ဆက်ထားပါတယ်။ မိုးအကုန် ဆောင်းဦး မိုးဘာလို့ ရွာမလဲ ဆိုတာနဲ့ မြောက်ပြန်လေဆင်း လေတိုက်ခြင်း ဖြစ်နိုင်ခြေ တို့ကိုလည်း ဦးဌေးတင့်က ရှင်းပြထားပါတယ်။

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၁ – ၂၀၂၅

ရွှေစျေး – ၈၂ သိန်း ၈ သောင်း ဒေါ်လာ – ၄၀၅၅ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၇၃၀ / 95 – ၂၈၀၀ ဒီဇယ် – ၂၅၀၅ ———— မနေ့ကစျေး ရွှေစျေး – ၈၂ သိန်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅

Read More
ပြည်တွင်း သတင်း

ဒလတံတားဆက်တဲ့ အခမ်းအနား စစ်ကော်မရှင်ဥက္ကဌ တက်ရောက်

အောက်တိုဘာ ၁၁ – ၂၀၂၅ မြန်မာ – ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်တဲ့ အခမ်းအနားကို မနေ့က မနက်ပိုင်းက ပြုလုပ်ခဲ့ရာ စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကော်မရှင် ဥက္ကဌက အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ Controller အသုံးပြုပြီး ကွန်ကရစ် သွန်းလောင်း တံတားဆက်တာကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Read More
နိုင်ငံရေး သတင်း

မြန်မာနိုင်ငံခရီးစဥ်မှာ အကြမ်းဖက်မှုတွေရပ်စဲဖို့၊ အရပ်ဘက်ကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ အပစ်ရပ်စဲရေးကြေညာဖို့ ၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး တို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

အောက်တိုဘာ ၁၁ – ၂၀၂၅ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ အောက်တိုဘာ ၉ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဥ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ခရီးစဥ်အတွင်း မြန်မာစစ်ကော်မရှင် ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် ဦးညိုစော နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဆွေးနွေးရာမှာ မစ္စတာ ဟာဆန် က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မှာ ပါတဲ့ အဓိက အချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်စဲပြီး လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးရေးနဲ့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးဖို့ကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

Read More
နိုင်ငံတကာ သတင်း

ငြိမ်းချမ်းရေးနိုဘဲလ် ဆုဟာ ဗင်နီဇွဲလား ပြည်သူတွေ နဲ့ သမ္မတထရမ့်ကို ရည်စူးကြောင်း နိုဘဲလ်ဆုရှင် မာချာဒို ပြောကြား

အောက်တိုဘာ ၁၀ – ၂၀၂၅ ငြိမ်းချမ်းရေးနိုဘဲလ်ဆုဟာ ဆင်းရဲဒုက္ခခံစားနေရတဲ့ ဗင်နီဇွဲလား ပြည်သူတွေအတွက်နဲ့ ကျွန်မ တို့ရဲ့ ရည်မှန်းချက်တွေကို ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့တဲ့ သမ္မတ ထရမ့်အတွက်ပါ ရည်စူး အပ်ပါ တယ်လို့ နိုဘဲလ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို က ပြောကြားလိုက်ပါတယ်။ မာချာဒို က သူ့ရဲ့ X မှာ ရေးသားဖေါ်ပြထားတာ ဖြစ်ပြီး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရယူနိုင်ဖို့ အတွက် သမ္မတ ထရမ့်၊ အမေရိကန်ပြည်သူတွေ၊ လက်တင် အမေရိက ပြည်သူတွေနဲ့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေဟာ ကျွန်မတို့ရဲ့ အဓိက မဟာမိတ်တွေ အဖြစ် အရက်ကထက် ပိုမို အားထားနေရတယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို “ဗင်နီဇွဲလား

Read More
သတင်း

မြန်မာကလေး ၉ဝဝ နီးပါး သင်ကြားနေတဲ့ ထိုင်းနိုင်ငံ စမွတ်စခန် စာသင်ကျောင်း က ဆရာ ၂၇ ဦး ကို အဖွဲ့စုံက ဖမ်းဆီး

အောက်တိုဘာ ၁ဝ – ၂၀၂၅ ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊ ကရထုန်ဘဲန်မြို့နယ် ထာမိုင်း ရပ်ကွက် မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ် ၉ဝဝ နီးပါး တက်ရောက်နေတဲ့ စာသင်ကျောင်းကို အောက်တိုဘာလ ၉ ရက်နေ့က အဖွဲ့စုံကနေ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဆရာ ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း မတိချွန် သတင်းစာမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။ ဒီကျောင်းနေရာဟာ အရင်က ကျောင်းဖွင့်ခွင့် လိုင်စင် ရုပ်သိမ်းခံထား ရတဲ့ နေရာဖြစ်ပြီး ဒေသခံတွေ တိုင်ကြားခဲ့လို့ ထပ်မံ စစ်ဆေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ အဖွဲ့စုံက မနေ့က သွားရောက်စစ်ဆေးရာမှာ ကျောင်းသား ကျောင်းသူ ၉ဝဝ ကျော်နဲ့ စာသင်ကြားပေးနေတဲ့

Read More
Uncategorized

ထရမ့်မျှော်လင့်နေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ကို ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိ၊ ‘’ငြိမ်းချမ်းရေးထက် နိုင်ငံရေး ကို ဦးစားပေးကြောင်း’’ အိမ်ဖြူတော်ပြော

အောက်တိုဘာ ၁၀ – ၂၀၂၅ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ မာရီယာ ကိုရီယာ မာချာဒို (María Corina Machado) ကို နော်ဝေ နိုဘဲလ်ဆုရွေးချယ်ရေး ကောက်မတီက ၂၀၂၅ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။မာချာဒိုကို “မကြာသေးခင် အချိန်တွေမှာ လက်တင် အမေရိကရှိ အရပ်သားတို့ရဲ့ သတ္တိရှိကို ဖေါ်ပြတဲ့ အထူးခြားဆုံး စံနမူနာတွေထဲက တဦး” အဖြစ် နိုဘဲလ် ကော်မတီက ချီးကျူးလိုက်ပြီး “ဗင်နီဇွဲလား ပြည်သူတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး မြှင့်တင်ရေး မှာ မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်မှု” အတွက် ဂုဏ်ပြုလိုက်ပါတယ်။ နိုင်ငံများစွာက အသိအမှတ်မပြုတဲ့ သက်တမ်း ၁၂

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၀ – ၂၀၂၅

ရွှေစျေး ငွေစျေး အောက်တိုဘာ ၁၀ – ၂၀၂၅ ရွှေစျေး – ၈၂ သိန်း ဒေါ်လာ – ၄၀၆၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ ဒီဇယ် – ၂၅၄၅ —————- မနေ့ကစျေး ရွှေစျေး – ၈၁ သိန်း ၈ သောင်း ဒေါ်လာ – ၄၁၀၀ ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်း ဓါတ်ဆီ – 92 – ၂၈၃၀ / 95

Read More
နိုင်ငံတကာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရမလား

အောက်တိုဘာ ၁၀ – ၂၀၂၅ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နိုဘဲလ်ဆုပေးရေး ကော်မတီကနေ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကို ကြေညာမှာ ဖြစ်ပြီး၊ ဒီဆုအတွက် စာရင်းတင်သွင်း ခံရသူတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ သမ္မတထရမ့်က ဇန်နဝါရီလ ဒုတိယ သမ္မတ သက်တမ်း စတင်ပြီးနောက် သူ့အနေနဲ့ အနည်းဆုံး “စစ်ပွဲ ၇ ခု ကို အဆုံးသတ်ခဲ့တယ်” လို့ အခိုင်အမာ ပြောဆိုကာ၊ တန်ဖိုးကြီးမားတဲ့ ဒီငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သူ့အနေနဲ့ ရသင့်ကြောင်း ရှင်းလင်း ပြောကြားထား ပါတယ်။ ဗုဒ္ဓဟူးနေ့က အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား သမ္မတထရမ့် ရဲ့ အချက်

Read More