THN Public Media Blog သတင်း War BNRA က သုဘရာဇာ နဲ့ ဒေါင်းညို တို့ အသက်ရှင်လျင် ရှိကြောင်း ဗိုလ်စွမ်း ထုတ်ပြန်
War

BNRA က သုဘရာဇာ နဲ့ ဒေါင်းညို တို့ အသက်ရှင်လျင် ရှိကြောင်း ဗိုလ်စွမ်း ထုတ်ပြန်

ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆

BNRA က သုဘရာဇာ နဲ့ ဒေါင်းညို တို့ အသက်ရှင်လျင် ရှိကြောင်း ယင်းမာပင် တပ်ရင်း ၂၈ ရဲ့ ဗိုလ်စွမ်း ကနေ ဗီဒီယိုကလစ် တခု ဒီကနေ့ ထုတ်ပြန် ထားပါတယ်။

BNRA အဖွဲ့ကို NUG MOD ကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့ပြီးနောက် ဗိုလ်နဂါး က စစ်တပ်ဆီ လက်နက်ချ ပူးပေါင်း သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် BNRA က သုဘရာဇာ နဲ့ ဒေါင်းညို တို့ကို NUG MOD က ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

BNRA က နောက်ထပ် တာဝန်ရှိသူ ကိုလတ် ကတော့ တခြားတနေကို ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

BNRA ရဲ့ တပ်ဖွဲ့ဝင် ၁၅၀ ကတော့ NUG MOD ဘက်ကို ပူးပေါင်း ခဲ့တယ်လို NUG MOD သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်နဂါး ရဲ့ BNRA အဖွဲ့ဟာ ပြစ်မှုများစွာ ကျူးလွန်ထားပြီး တော်လှန်ရေး ရဲ့ ဆူးညှောင့် ခလုတ် ဖြစ်တာကြောင့် BNRA ကို အင်အားသုံး တိုက်ခိုက် ခဲ့တာ လို့ NUG ပြောပါတယ်။

BNRA ခွင်က ရွာတွေကိုလည်း NUG MOD က ဝင်ရောက် ရှင်းလင်းမှုတွေ လုပ်နေပြီး BNRA တပ်ဖွဲ့ဝင်တွေ အနေနဲ့ NUG ပကဖ တွေ ဆီ လက်နက် လာအပ်ပြီး NUG MOD နဲ့ ပူးပေါင်းဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version