THN Public Media Blog သတင်း War BNRA အဖွဲဝင် နောက်ထပ် ၅ ဦး စစ်တပ်ထံ လက်နက်ချခဲ့ကြောင်း တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာ ဖေါ်ပြ
War နိုင်ငံရေး

BNRA အဖွဲဝင် နောက်ထပ် ၅ ဦး စစ်တပ်ထံ လက်နက်ချခဲ့ကြောင်း တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာ ဖေါ်ပြ

ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆

စစ်ကိုင်းတိုင်း ပုလဲနယ်က BNRA အဖွဲဝင် နောက်ထပ် ၅ ဦး သေနတ် ၅ လက်နဲ့ အတူ စစ်တပ်ထံ လက်နက်ချခဲ့ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တခုမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖေါ် ထားခြင်း မရှိပါ။

ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တုန်းကတော့ NUG MOD ကနေ BNRA ကို အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချခဲ့ပြီးနောက် အခုလို ‌နောက်ထပ် လက်နက်ချမှုတွေ ထပ်မံ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

လက်တလောမှာ စစ်တပ်က ပုလဲနယ်မြေကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင် နေတယ်လို့လည်း သတင်းတွေ အရသိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version