ပြည်တွင်း

War နိုင်ငံရေး ပြည်တွင်း

မန်းတက္ကသိုလ်ရာပြည့်ပွဲ လာရောက်တဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ လပခ ထဲကို BWM က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar BWM က ဦးဆောင်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေး တက္ကသိုလ်ထဲမှာကျင်းပတဲ့ ရာပြည့်သဘင် အခမ်းအနားမှာ အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတဲ့အတွက် လပခ ထဲကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို တိုက်ခိုက်မှု ရှိခဲ့ပေမယ့် စစ်ကော်မရှင် ဥက္ကဌ နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မန္တလေး

Read More
ပြည်တွင်း

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ဖွင့်ပွဲကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ဖွင့်လှစ်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေးတက္ကသိုလ်မှာ ဒီကနေ့ မနက်က ပြုလုပ်တဲ့ မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ဖွင့်ပွဲကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ဖွင့်လှစ် ခဲ့ကြောင်းသိရပါတယ်။

Read More
ပြည်တွင်း သတင်း

PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ ပြန်ဝင်လာတယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်

အောက်တိုဘာ ၄ – ၂၀၂၅ PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ တို့ဟာ လက်နက် ခဲယမ်း တွေနဲ့ အတူ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာတယ်လို့ စစ်ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြန်ဝင်လာသူတွေထဲမှာ DPLA ၁၂ ဦး၊ KNDF ၁ ဦး၊ PNLO ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု ၁ ဦးနဲ့ PDF ၁၂ ဦး စုစုပေါင်း ၃၀ ဖြစ်ကြပြီး သူတို့ကို ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင် စစ်ဌာနချုပ်မှာ

Read More
War နိုင်ငံရေး ပြည်တွင်း

စစ်ရေးမှာ အရေးသာတဲ့ အချိန် ရှိသလို အရေးနိမ့်တာလည်း ရှိပါတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦး ပြော

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကနေ TNLA တအာင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတာ နဲ့ ပတ်သက်ပြီး TNLA TNLA ပြောခွင့်ရ မလွေးယေဦး က “စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့ သူကတော့ စစ်ရေးမှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည် ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ သတင်းဌာနတခုကို ပြောကြားသွားပါတယ်။ ဒါ့အပြင်

Read More
ပြည်တွင်း သတင်း

ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

အောက်တိုဘာ၂ – ၂၀၂၅ မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာဖြစ်တဲ့ ပန်းချီဆရာကြီးဦးလွန်းကြွယ် လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ပန်းချီဆရာကြီးဆီကသိရပါတယ်။ ပန်းချီဆရာကြီးဦးလွန်းကြွယ်က ရန်ကုန်၊ ရွှေပေါက်ကံ၊တောင်ငူလမ်းမှာရှိတဲ့သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ သဂြိုလ်ဖို့ မိသားစုက စီစဥ်နေတယ်လို့သိရပါတယ်။ “ဆရာကြီး ညကဆုံးတာ ။ ဒီနေ့သဂြိုလ်ဖို့ လုပ်နေကြတယ်။ ရေဝေးမှာသဂြိုလ် မှာ အခုအချိန်ဇယားညှိနေကြတယ်။ ဆရာကြီးကလူကြီးရောဂါနဲ့ဆုံးတာပါ။ တရှောင်ရှောင်ဖြစ်လိုက် ဆေးဝါးကုလိုက် ကောင်းလိုက်ပေါ့။ အရင်ရက်ကတောင်မွေးနေ့ကျင်းပတော့ ကြည်ကြည်လင်လင်ပါဘဲ။ နဂိုထဲကလည်း ကျန်းမာရေးက ချူချာတယ်။ အသက်ကြီးလာတော့ ကျန်းမာရေးက ချူချာတာပေါ့။” လို့ မိသားစုနဲ့ရင်းနှီးတဲ့ ပန်းချီဆရာကြီးဦးကျော်စိုးကပြောပါတယ်။ ဆရာကြီးဦးလွန်းကြွယ်က ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးရဲ့အနုပညယသက်တမ်းက ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

Read More
War ပြည်တွင်း

နမ္မတူမြို့ကို စစ်တပ်ဗုံးကြဲ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ္မတူမြို့ကို စစ်တပ်က ဒီကနေ့မနက်မှာ လေယာဥ်နဲ့ ပေါင် (၅၀၀) ဗုံး ကြဲခဲ့တဲ့ အတွက် လူ၄ ဦးသေဆုံးသွားပြီး ကလေးငယ် တဦး အပါအဝင် ၅ ဦးကတော့ ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA တအာင်း တပ်ဖွဲ့က သတင်း ထုတ်ပြန် ထား ပါတယ်။ဒါ့အပြင် နေအိမ် (၈)အိမ်လည်း ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ပါတီကနေ PDP ပါတီ ပြောင်းသွားတဲ့ ဗီဗီချမ်း – ဘာကြောင့် ဘယ်လို – မေးမြန်းခန်း

‘’ကျွန်မ က ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေမို့လို့…’’နောက်တကြိမ် မတူညီတဲ့ နည်းလမ်းနဲ့ ကြိုးစားကြရအောင်လို့…’’ဗီဗီချမ်း (PDP ပါတီ) ဘလော့ဂါ ကနေ နိုင်ငံရေးထဲ ဝင်ရောက်လာပြီး ပြည်သူ့ပါတီဝင် ဖြစ်လာတဲ့ ဗီဗီချမ်း၊ သိပ်မကြာခင်မှာပဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ PDP ကို ကူးပြောင်းသွားပြီး အခုတော့ PDP ကနေ ပြည်သူ့လွှတ်တော်ကနေ ဝင်အရွေးခံမယ်လို့ သိရပါတယ်။ အခုလို အချိန် ခဏတာအတွင်း ပါတီ အပြောင်းအလဲ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ…ပြည်သူ့ကိုယ်စားလှယ် ဝင်အရွေးခံဖို့ ဘယ်လိုဖြစ်လာခဲ့လဲ၊ ဘာတွေ ရည်မှန်းထားလဲ ဆိုတာ ဗီဗီချမ်းကို မေးမြန်းတင်ဆက်ထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

နောက်ဆုံးရက်ပြီးမှ ကိုယ်စားလှယ်လောင်း ၅၃ ဦး ထပ်တိုး ကြောင်း UEC ထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅ ကိုယ်စားလှယ်လောင်း တင်သွင်းရက် နောက်ဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက် နောက်မှာ စာရင်းရောက်ရှိလာတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦး ကို ထပ်တိုး စာရင်းသွင်း ပေးကြောင်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်း ၁ ဦးကို ပြန်ရုပ်သိမ်းကြောင်း စာရင်း လည်း ရောက်ရှိလာတဲ့ အတွက် ရုပ်သိမ်းပေးခဲ့ပြီး စာရင်းကနေ ထုတ်ပယ် ခဲ့တယ်လို့ ဆိုပါတယ်။အကြောင်းကတော့ အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် အခုလို ၂၂ ရက်နောက်ပိုင်းမှ ဝင်လာတဲ့ စာရင်းတွေကို ထည့်သွင်း ပြင်ဆင် ပေးခဲ့ တာလို့ ဆိုပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး စစ်တပ်က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စစ်တပ်က မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့ တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစလို့ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး

Read More
နိုင်ငံရေး ပြည်တွင်း

မဲစာရင်းတွေ ကြည့်နိုင်ပြီလို့ UEC ထုတ်ပြန်

စက်တင်ဘာ ၃၀ – ၂၀၂၅ ဒီဇင်ဘာ ၂၈ ပထမအသုတ်ရွေးကောက်ပွဲ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ ကပ်ထားမှာ ဖြစ်တယ်လို့ စစ်ကော်မရှင် ရဲ့ ပြည်ထောင်စု ရွေးကောက်ကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန်ထားပါတယ်။ ကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ မကပ်ထားနိုင်ဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် ရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ တကယ်လို့ မဲစာရင်းမှာ မပါဝင်တဲ့ သူတွေနဲ့ ပုံစံ ၃ နဲ့ တောင်းဆို နိုင်ကြောင်းနဲ့ မပါဝင်သင့်တဲ့သူတွေ ပါနေရင် ပုံစံ

Read More