ဒေါ်နယ်ထရမ့် အာဆီယံ အစည်းအဝေး အပါအဝင် အာရှခရီးစဥ် စတင်
- by AR-T
- October 26, 2025
- 0 Comments
အောက်တိုဘာ ၂၅ – ၂၀၂၅ မလေးရှားစံတော်ချိန် အောက်တိုဘာ ၂၆ မနက်ပိုင်း ကွာလမ်လာပူကို သမ္မတ ထရမ့် ဆိုက်ရောက်မှာ ဖြစ်ပြီး ၂၆ ရက်နေ့မှာပဲ အာဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်မှာ ဖြစ်သလို မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ အာဆီယံနဲ့ မိတ်ဘက်နိုင်ငံများ အစည်း အဝေးတွေ တက်ရောက်မှာ ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက် မှာ ပါဝင် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခရီးစဥ် ကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့ဖြစ်ပြီး ဂျပန်မှာ ဝန်ကြီးအသစ် ဖြစ်တဲ့ ဆာနာအေ တာကာအီချီ နဲ့
တရုတ်က အလိုရှိနေတဲ့ ကျားဖျန့် ခေါင်းဆောင် ‘’ရှီကျီကျန်း’’ ကို ထိုင်းနိုင်ငံ က ပြန်လွှဲပေးဖို့ ပိုမိုနီးစပ်လာ
- by AR-T
- October 25, 2025
- 0 Comments
အောက်တိုဘာ ၂၅ – ၂၀၂၅ တရားမဝင် လောင်းကစားရုံ လုပ်ငန်းကြောင့် တရုတ်နိုင်ငံက အလိုရှိ နေတဲ့ အသက် ၄၃ နှစ်အရွယ် တရုတ် – ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်း ကို ထိုင်းအာဏာပိုင်တွေက တရုတ်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင် နေတယ်လို့ ထိုင်း Khaosod သတင်းမှာ မနေ့က ဖေါ်ပြထား ပါတယ်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး က ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ခြင်း မရှိကြောင်း တညီတညွတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆုံးဖြတ်ချက်ဟာ ရှီကျင်ကျန်း ကို လွှဲပြောင်းပေးဖို့ အစိုးရ ရှေ့နေ တွေကို လမ်းဖွင့်
KK Park က ထွက်ပြေးလာသူ နိုင်ငံခြားသား ၅၀၀ ကျော်ကို ထိုင်းဘက်က ခိုလှုံခွင့် ပေးထား
- by AR-T
- October 24, 2025
- 0 Comments
အောက်တိုဘာ ၂၃ – ၂၀၂၅ ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက် KK Park က ကျားဖျန့်တွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်း ပြီးနောက် အဲဒီကနေ ထိုင်းနိုင်ငံ ဘက် ထွက်ပြေားလာကြတဲ့ နိုင်ငံခြားသား ၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ခိုလှုံခွင့်ပေးထားတယ်လို့ Khaosod ထိုင်သတင်းမှာ ဖေါ်ပြထားပါတယ်။ ထိုင်းလုံခြုံရေး အာဏာပိုင်တွေက မဲဆောက်မြို့နယ်မှာ ယာယီခို လှုံရာ စခန်း လေးခု ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ၅၀၀ ကျော်ကို ခိုလှုံခွင့် ပေးထား ပေမယ့် ထွက်ပြေးလာသူ ဆက်လက်တိုးလာနိုင်တာကြောင့် စခန်းမှာ လူတွေ ထပ်မထား နိုင်တော့မယ့် အခြေအနေမျိုး ရင်ဆိုင် နေရတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ Ref: Khaosod —————————
ဇလန်စကီးနဲ့ တွေ့ဆုံပွဲမှာ ထရမ့်က တိုမာဟော့ခ် တာဝေးပစ် ဒုံးကျည် ကိစ္စ သတိထား ပြောကြား
- by AR-T
- October 18, 2025
- 0 Comments
အောက်တိုဘာ ၁၈ – ၂၀၂၅ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီး ကို အိမ်ဖြူတော်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးရာ တာဝေးပစ် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တွေကို ယူကရိန်းကို ကူညီနိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သတိထား ပြောဆိုသွားခဲ့ပါတယ်။ ထရမ့်က ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည် ပေးမယ်ဆိုရင် “ပိုမိုကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်” “မကောင်းတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်တယ်” လို့ ပြောကြား သွားပါတယ်။ အရင်ကတော့ ယူကရိန်းကို တိုမာဟော့ခ် ဒုံးတွေ ပေးဖို့ ဆန္ဒ ရှိကြောင်း အချက် ပြခဲ့ပေမယ့် မနေ့က ဗလာဒီမာ ပူတင်နဲ့ ဖုန်းစကားပြောပြီးနောက် “ကျွန်တော်တို့လည်း
မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကော်မရှင် ဥက္ကဌ တွေ့ဆုံဆွေးနွေး၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်း
- by AR-T
- October 10, 2025
- 0 Comments
အောက်တိုဘာ ၉ – ၂၀၂၅ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးန မိုဟာမက် ဟာဆန် နဲ့ မြန်မာစစ်ကော်မရှင် ဥက္ကဌ တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ အတူ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီ အော့စ်မန် ဟာရှန် လည်း လိုက်ပါလာပြီး အတူ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးရာမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာတွေကို တွေ့ရလို့ ဝမ်းမြောက် ကြောင်း၊ အာဆီယံ အနေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် ပေးမယ့် အကြောင်း၊ အားလုံး
